ကျောင်းဝန်း ကြီးထဲသို့ ဝင်ရောက်လာသည့် ကားတစ်စီး
Yoongi နှင့်Jeon နေ့လည် အတန်းနား ချိန် ထိုင် နေကြခြင်းပင်ကားပေါ်မှ ဆင်လာသည့် လူကို မြင်လိုက်သည်နှင့် Yoongi မျက်နှာ တင်းသွားသည်။
Jeon ပခုံးကို ပုတ်လိုက်ပြီး မေးငေါ့ပြကာ
"ငါနဲ့ မကြေပွဲ လာနွဲ တာလားပဲ"Jeon ကလမ်းလျှောက် လာနေသူကို တစ်ချက် ကြည့် လိုက်ကာ
"မဟုတ်လောက်ပါဘူး Hyung ရာ"
အနားသို့ ရောက်လာသည့် Park သခင်ကြီးက ဖိတ်စာလှလှလေး တစ်စောင်အား ထိုးပေးလာကာ
"ဆက်ဆက်လာခဲ့နော်
ဖြစ်နိုင်ရင် မင်းကိုပါ ဖျော်ဖြေ စေချင်တာငါ့သားရဲ့ အဆုံးသတ် ရွေးချယ်မှု က ငါ့ကို သိပ်စိတ်ကျေနပ် စေတယ်
စေ့စပ် ပေးမယ့် သူကလဲ ငါသဘောအကျဆုံး ငါပုံစံချပေးထားတဲ့ လူတစ်ယောက်လေ
ကိုယ့်ကိုယ်ကျိုး စီးပွား ကိုပဲ မျှော်မှန်းနေတတ်တဲ့ သူမဟုတ်ဘူး
သည်းငယ်ကို သိပ်ချစ်တာလမ်းကြုံးလို့ တပါတည်း ဝင်ဖိတ်လိုက်တာ"
ဖိတ်စာ လှလှလေးကို ဖွင့်လိုက် ကာ ဖတ်ကြည့်မိတော့ ရင်နာစရာ နာမည် စာလုံးလေးတွေက ဖိတ်စာ ထဲမှာ ဝံကြွားလို့
မနေ့က အထိ တောင် သူတို့ ချစ်ခဲ့ ကြသေးတာ မဟုတ်လား
"ငါ့သားက လက်ရှိသူရောက် နေတဲ့ ဘဝကို စွန့်လွတ်ပြီး မင်းဆီကို လာမှာတဲ့လား
တော်သေးတာပေါ့ အချစ်ဆိုပြီး ငါ့သားက မျက် စိတွေကန်းသွားပြီ ထင်နေတာ"
Jeon လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်ပြီး
"Uncle သားကိုပြောလိုက်ပါ
အဲဒီပွဲ ကို Jeon Jung Kook ရောက်အောင် လာမယ်လို့"ကျေနပ် အပြုံးကြီးဖြင့် Park သခင်ကြီးက တော့ ထွက်ခွာသွား လေသည်။
"မဟုတ်လောက်ပါဘူး Park Jimin က မင်းကို ဒီလောက်ချစ်တာ"
"ဒါကြောင့် သေချာအောင် သွားကြည့် မလို့လေ hyung"
တည်တင်းနေတဲ့ မျက်နှာမှာ မည်သို့သော အမူအရာ တွေမှ မပြခဲ့
YOU ARE READING
အလႊာ (အလွှာ)(Completed)
Romanceကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ