> 1/Uni <

131 11 0
                                    

^ ကြောင်ဖြူလေးတစ်ကောင်က
ကျွန်တော်အရမ်းချစ်ရတဲ့
ချစ်သူကောင်လေး ဖြစ်လာခဲ့တယ် ^

" ဂျစ် ဂျစ်~ "

" ဘာအသံလဲ! "

ဒီနေ့အလုပ်ကစောစောပြန်ရောက်လာတဲ့ ပတ်ဂျီဆောင်းမှာအရင်ရက်က အချိန်ပိုဆင်းခဲ့ရသမျှကို အတိုးချကာ
စောစောစီးစီးအိပ်ရာဝင်နေခြင်းဖြစ်သည်။

အခုတော့ ဘယ်ကလာမှန်းမသိတဲ့ တဂျစ်ဂျစ် ဆိုတဲ့အသံကြောင့်နိုးလာရသည်။ နာရီကိုကြည့်လိုက်တော့ ည၉နာရီထိုးသွားပြီ။

" ဂျစ်ဂျစ် ~ "

အသံကအဆက်မပြတ်ထွက်နေတာကြောင့်ကုတင်ပေါ်ကနေထကာအသံလာရာဘက်သို့နားစွင့်ကာသွားလိုက်သည်။
သေချာနားထောင်ကြည့်တော့ ဝရန်တာကတံခါးကို တစ်ယောက်ယောက်က လက်သည်းနဲ့ ခြစ်နေတဲ့အသံမျိုးဖြစ်သည်။

တံခါးကိုမဖွင့်သေးခင် အပြင်ဘက်ကို လိုက်ကာဖယ်ကာပြတင်းပေါက်မှန်ကနေလှမ်းကြည့်တော့ ဖြူဖြူဖွေးဖွေးနှင်းတွေအဆက်မပြတ်ကျဆင်းနေတာကြောင့် ဝရန်တာလက်ကိုင်ပေါ်တွေတောင်နှင်းဖြူလေးတွေတင်လို့ ။

ဒီနေ့အပူချိန်0°အောက်ရောက်မယ်လို့မနက်ကသတင်းမှာကြေငြာထားတာပဲ။ နှင်းတွေတအားများပြီးအရမ်းအေးတာကြောင့်
တံခါးကိုဖွင့်ရန် မဖွင့်ရန်စဉ်းစားနေတုန်း
အသံက ထပ်ထွက်လာတာကြောင့်နောက်ဆုံးတံခါးကိုဖွင့်လိုက်တော့...

" မြောင် ~ "

" Cat? "

တွေ့လိုက်ရတာက တစ်ကိုယ်လုံး ဖြူစွတ်စွတ်အမွှေးပွနဲ့
ကြောင်လေးတစ်ကောင်။

" မြောင် ~ မြောင် "

မတ်တပ်ရပ်ကာ ကြောင်ကြည့်နေမိတဲ့
ဂျီဆောင်းရဲ့ခြေထောက်ကိုအမွှေးပွလက်ကလေးတွေနဲ့လာထိကာ အသံလေးပေးလာသည်။

မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကြည့်ကာ ဂျီဆောင်းခြေထောက်ကိုအဆက်မပြတ်သူ့တစ်ကိုယ်လုံးနဲ့ပွတ်သတ်နေသည်။
သဘောကသူ့ကိုချီပါဆိုတဲ့သဘော။အိမ်ထဲခေါ်ခိုင်းနေတာ။

ကြောင်ဖြူလေးကိုယ်ပေါ်ကောနှုတ်ခမ်းမွှေးကားကားလေးတွေပေါ်မှာကော နှင်းစက်လေးတွေတင်နေတာကြောင့်
ထိုအကောင်ပေါက်လေးကတအားချမ်းနေပုံရသည်။

ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်Where stories live. Discover now