> 8/Uni <

75 9 3
                                    

^ ကြောင်ဖြူလေးတစ်ကောင်က
ကျွန်တော်အရမ်းချစ်ရတဲ့
ချစ်သူကောင်လေးဖြစ်လာခဲ့တယ် ^

မနက်အစောပိုင်းမို့ ကောင်းကင်ပြာပြာကြီး
ထက်တွင် တိမ်ဖြူဖြူကိုမှ အရမ်းကြီးထူထပ်မနေပဲ အနည်းငယ်လောက်သာရှိ
နေပေမဲ့ လှပနေဆဲပင်။ တစ်နေတာ အတွက် လုပ်ငန်းတာဝန်တွေအသီးသီးသွားကြမဲ့
သူတွေလဲ လမ်းမထက်ကိုရောက်ရှိနေပြီဖြစ်သည်။

အပြင်ဘက်ရှူ့ခင်းတွေက သူ့ဟာနဲ့သူပနံ့
သင့်ကာလှပနေပေမဲ့ ဂျီဆောင်းရဲ့တိုက်ခန်းလေးအတွင်းမှာတော့ ဆူညံ့သံလေးတွေနဲ့ တစ်နေ့တာကိုအစပြုလာသည်။

" ကိုကိုမဆူချင်ဘူးနော်,
ထမင်းလာစား! "

" မနက်အစောကြီးကို ကလေးလေးမှ
ထမင်းမစားချင်တဲ့ဟာ! "

" နေ့လည်ကျရင်လဲ ကိုကိုမရှိလို့ဆိုပြီး
ထမင်းမစားဘူး, ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်
ဦး အရင်လိုလုံးလုံးလေးမဟုတ်ပဲ ပိန်သွား
တယ်ဆိုတာကောသိရဲ့လား "

" ကိုကိုကလဲ! "

" ကိုကိုကလဲမနေနဲ့ အမြန်လာစားနော်!
ကိုကိုအလုပ်နောက်ကျရင် ကလေးလေး
ကြောင့်ပဲ! "

ဂျီဆောင်းဟျောင်းရဲ့စကားအဆုံး​ခြေ
ထောင့်လေးကိုဆူစောင့်ပြီး ထမင်းစားဝိုင်းမှာထိုင်ကာ ထမင်းစားနေတဲ့ချန်းလော့။
အဲ့တော့မှ ဟျောင်းလဲမနက်စာကိုစားတာကြောင့်ဂျိုဟွန်းလဲအခုမှမနက်စာစားရတော့သည်။သေချာပေါက်သူတို့အတွက်လဲမနက်စာကထမင်းပဲပေါ့။

ချန်းပေါက်စကို ဟျောင်းတို့ကအကဲပိုပြီး မနက်စာကို ထမင်းကျွေးနေတာ တစ်ပတ်ကျော်သွားပြီ ဟိုကလေးကလဲ တစ်ပတ်လုံးလုံးချောချောချူချူစားတယ်လို့ကိုမရှိ။ဟျောင်းကချော့တလှည့်ခြောက်တလှည့်
နဲ့ပြောမှစားတာဖြစ်သည်။

" ကိုကို့ ဟွန်းဟွန်းနီး မုန်လာဥတွေကို
မစားပဲ ချန်ထားတယ်! "

ကလေးစကားကြောင့် ဂျိုဟွန်းပန်းကန်ထဲ
လှမ်းကြည့်လိုက်တော့ တကယ်ပင်မုန်လာ
ဥနီတွေကိုမစားပဲချန်ထားတာကိုတွေ့
ရသည်။

" ဂျိုဟွန်း မုန်လာဥနီတွေစားလေ မချန်
ထားနဲ့! အသားဆိုရင်တော့ပြောစရာမလိုဘူး,အသီးအရွက်ကျရင်တော့မစားပဲ ဖယ်ထားတတ်တဲ့အဲ့အကျင့်ကိုပြင်! "

ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်Where stories live. Discover now