^ ကြောင်ဖြူလေးတစ်ကောင်က
ကျွန်တော်အရမ်းချစ်ရတဲ့
ချစ်သူကောင်လေး ဖြစ်လာခဲ့တယ် ^ဒီနေ့မနက်ခင်းမှာလဲ အရင်နေ့တွေလိုပဲ
ဂျီဆောင်းအရင်ဆုံးနိုးလာခဲ့သည်။ ရာသီဥတုက အတာ်လေးအေးနေတာကြောင့်
ချက်ချင်းမထသေးပဲ မျက်လုံးမှိတ်ကာပြန်မှေးနေလိုက်သည်။အရင်နေ့တွေလိုပဲ ကလေးလေးက ဂျီဆောင်းကိုယ်ပေါ်တတ်အိပ်နေပြန်ပြီထင်ပါရဲ့။ ဒါပေမဲ့ တစ်ခုထူးခြားတာက
ရင်ဘတ်ပေါ်တင်မကဘူး ဂျီဆောင်းကိုယ်ပေါ်ကို အပေါ်ကနေလူတစ်ယောက်က
တတ်အိပ်နေသလိုမျိုး ခံစားချက်ကြီးခံစားမိနေသည်။ကလေးလေးများ ထွားလာလို့များလား ။ လေးလံနေတဲ့မျက်လုံးကိုအသာလေးဖွင့်ကာ ကြည့်ကြည့်လိုက်တော့
ရင်ဘတ်ပေါ်မှာ အိပ်နေတဲ့ အဖြူရောင်ခေါင်းလုံးလုံးလေးမြင်ရသည်။ အိပ်နေတဲ့ ကလေးလေး ခေါင်းလေးကို
လက်လေးနဲ့ပုတ်ပေးလိုက်တော့ ခံစားမိတာက နူးနူးညံ့ညံ့လေး။ခါတိုင်းလဲ ကလေးလေး ကြောင်အမွှေးဖြူဖြူလေးတွေက နူးညံ့တယ်ဆိုပေမဲ့ အခုက လူတစ်ယောက်ဆံ
ပင်လိုမျိုး အိအိလေးဖြစ်နေတာ။ မသင်ကာတာနဲ့ မျက်လုံးကိုအားယူကာဖွင့်လိုက်ပြီးခေါင်းထောင်ကာကြည့်လိုက်တော့
ဂျီဆောင်းရင်ဘတ်ပေါ်မှာ
ခေါင်းတင်ပြီးအိပ်နေတာ လူတစ်ယောက်ပဲ ။အလန့်တကြားနဲ့ ဂျီဆောင်း အိပ်နေရာကနေထထိုင်လိုက်မိတော့။ ဂျီဆောင်းတစ်ကိုယ်လုံးပေါ်တတ်ဖိထားတဲ့ ထိုလူကကုတင်ထောင့်ဘက်ကိုကပ်သွားပြီး အင်းအဲ ငြီးငြူပြီး ခြေကားယား လက်ကားယားနဲ့ ပြန်အိပ်နေသည်။
" ဟိတ်! ဟိတ် ထစမ်း, မင်းဘယ်သူလဲ "
" Zzz~~~ "
" ဘယ်သူလဲလို့ မေးနေတယ်လေ! "
အိပ်နေတဲ့ ကိုယ်လုံးလေးကိုအတင်းလှုပ်နှိုးကာမေးလိုက်တော့ဝါးကနည်းသန်းလာပြီး
ကုတင်ပေါ်မှာ တမင်ခွေထိုင်နေတဲ့
ဂျီဆောင်းပေါင်ပေါ်ကိုမေးလေးတင်လာကာ" ကလေးလေး အိပ်နေ ကိုကိုရာ ~ "
" အမ်? ကလေးလေး! ဘယ်ကကလေးလဲ!
ငါမင်းကိုမသိဘူး ဘယ်ကနေရောက်လာတာလဲ ပြောစမ်း! "
YOU ARE READING
ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်
Fanfiction" ကိုကို ပြောတာဘာမှားလို့လဲ လော့လော့ ။ ကြည့်ဦး ငါးမုန့်ကြော်လဲ မစားပြန်ဘူးလား " " မြောင် မြောင်... " " ဟာ ဟိတ်ဘယ်သွားတာလဲ လာခဲ့လော့လော့!! ကိုကို ပြောနေတာမပြီးသေးဘူးလေ! " ^ ကိုယ့်ရဲ့ OTP ဖြစ်တဲ့ ChenJi ကိုအရမ်းသဘော ကျလွန်းတာကြောင့် ကိုယ်တိုင်ဖတ်ဖို...