^ ကြောင်ဖြူလေးတစ်ကောင်က
ကျွန်တော်အရမ်းချစ်ရတဲ့
ချစ်သူကောင်လေးဖြစ်လာခဲ့တယ် ^!! တီးတောင်!!
ဘဲလ် မြည်သံကြောင့် ချန်းလော့ဆိုဖာပေါ်မှာခွေခေါက်ကာလှဲနေရင်းကနေ ထကာ တိုက်ခန်းတံခါးဆီသို့နှေးကွေးလွန်းတဲ့ခြေလှမ်းများဖြင့်ဦးတည်လိုက်သည်။
ထုံးစံအတိုင်း ကိုကိုကအလုပ်သွားတာမို့
အိမ်မှာတစ်ယောက်ထဲကျန်ခဲ့ပြန်တာကြောင့် ကြောင်အသွင်ပြောင်းကာ ဆိုဖာပေါ်ခွေခွေလေးလှဲကာအပျင်းလေးကြီးနေတုန်း
တိုက်ခန်းဘဲလ်ကမြည်လာတာဖြစ်သည်။တံခါးရှေ့ရောက်တော့ screenမှာမြင်နေရတဲ့
သူကြောင့်အခန်းတံခါးကိုအမြန်လေးဖွင့်လိုက်သည်။" ဘာဂါနဲ့ကိုလာ လာပို့ပေးတာပါ "
" ဟုတ်! ကျေးဇူးပါ "
အရှေ့က Deliဟျောင်းပေးတဲ့အိတ်လေးကိုချန်းလော့လှမ်းယူလိုက်ကာတံခါးကို
သေချာပြန်ပိတ်လိုက်ရင်း မုန့်ထုတ်လေး
ကိုကိုင်ကာထမင်းစားပွဲပေါ်တင်ထား
လိုက်တယ်။ ချန်းလော့ကနေ့လည်စာကိုထမင်းမစားချင်ဘူးပြောတာကြောင့်မို့လို့ ကိုကိုက ဘာဂါမှာပေးထားတာလေ။
ကိုကိုမှာပေးထားတော့လဲ ချန်းလော့ကစားပေးရတာပေါ့ ဟီးး ><မုန့်စားပြီးတော့လဲ ထွေထွေထူးထူးလုပ်စရာရယ်လို့ရှိမနေတာ
ကြောင့် ချန်းလော့ပျင်းလာပြန်သည်။" ဟူးး~ကိုကိုအခုချိန်ဘာများလုပ်နေပါ့လိမ့်! "
ဆိုဖာပေါ်ကို ပက်လတ်လေးပြန်လှဲလိုက်ကာ မျက်နှာကျက်အဖြူရောင်ကြီးကိုကြည့်ပြီး ဟိုဟိုဒီဒီစဉ်းစားမိသည်။
ချန်းလော့ ကိုကို့ဆီကိုရောက်လာတာ ၆လလောက်ရှိနေပြီ။နေ့တိုင်းလိုလို မိုးလင်းရင်ကိုကိုကအလုပ်သွားတယ်။
ချန်းလော့ကအိမ်မှာတစ်ယောက်ထဲကျန်ခဲ့မယ်။ကိုကိုပြန်လာရင်အတူတူထမင်းစားတယ်။ပြီးရင်အိပ်တယ်။
ဒါတွေပဲထပ်တစ်လှည့်လှည့်။ဒါပေမဲ့ ကိုကိုအလုပ်နားတဲ့နေ့ဆိုရင်
အပြင်လိုက်ပို့ပေးတယ်။
အလုပ်ကစောစောပြန်ရတဲ့နေ့ဆိုရင်
ချန်းလော့ကိုစာတွေသင်ပေးတယ်။ပြီးတော့ ကိုကိုကဟင်းလဲချက်ရတယ်။
ချန်းလော့က ဘာမှမလုပ်ရဘူး ><
ကိုကိုတအားပင်ပန်းနေမှာ။တစ်နေကုန်အလုပ်လုပ်ထားလို့ပင်ပန်းနေတာတောင်
ချန်းလော့ကိုအများကြီးဂရုစိုက်ပေးတာ။
ကိုကို့ကိုသနားလွန်းလို့ ချန်းလော့လေး
ဘယ်လိုလုပ်ရပါ့မလဲ ><
YOU ARE READING
ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်
Fanfiction" ကိုကို ပြောတာဘာမှားလို့လဲ လော့လော့ ။ ကြည့်ဦး ငါးမုန့်ကြော်လဲ မစားပြန်ဘူးလား " " မြောင် မြောင်... " " ဟာ ဟိတ်ဘယ်သွားတာလဲ လာခဲ့လော့လော့!! ကိုကို ပြောနေတာမပြီးသေးဘူးလေ! " ^ ကိုယ့်ရဲ့ OTP ဖြစ်တဲ့ ChenJi ကိုအရမ်းသဘော ကျလွန်းတာကြောင့် ကိုယ်တိုင်ဖတ်ဖို...