> 5/Zg <

13 2 0
                                    


ဂျီဆောင်းအလုပ်ကနေပြန်ရောက်တော့ ဧည့်ခန်းထဲက
ဆိုဖာ​ပေါ်မှာအိပ်ပျော်နေတဲ့ ကလေးလေးကိုတွေ့လိုက်
ရသည်။TVကြီးကလဲပွင့်လို့။ TVကြည့်နေရင်းက​နေ
အိပ်​ပျော်သွားတာနေမှာ။အိပ်​နေတဲ့က​လေး​လေးကို
မနှိုးတော့ပဲထားလိုက်ကာရေမိုးချိုးပြီး ညနေစာအတွက်
ချက်ပြုတ်ရ​တော့သည်။

ဟင်းတွေများများစားစားမချက်တတ်တာမို့ ကြက်သား​လေး
ကိုပေါင်းထားလိုက်သည်။ပြီးတော့ မုန့်ညှင်းရွက်ကို
အ​နေ​တော်​သင်လိုက်ပြီးတော့ ဆားအနည်းငယ်ထည့်ပြီး
စိမ်းစိမ်းစိုစို​လေးဖြစ်တဲ့အထိကြော်ထားလိုက်သည်။
နောက်ဆုံးအနေနဲ့ အရည်သောက်ဟင်းချိုအဖြစ် ဂျင်ချီဟင်း
ရည်ချဉ်ချဉ်စပ်စပ်​လေးနဲ့အဆုံးသတ်​စေသည်။

ဂျီဆောင်း ဟင်းရည်ချက်နေစဉ်မှာပဲ ဆိုဖာပေါ်မှာအိပ်​နေတဲ့က​လေးလေးက နိုးလာခဲ့သည်။ ကြည့်ရတာ ဟင်းရည်
အနံ့မွှေးမွှေး​လေးကြောင့် နိုးသွားတယ်ထင်ပါရဲ့။

" ကိုကို့! "

အိပ်နေရာက​နေထကာ ဟင်းချက်နေတဲ့ ဂျီဆောင်းရဲ့​​ခါးကို
ဖက်လာပြီး ​နောက်​ကျောဘက်ကိုပါး​လေးအပ်ကာမှီချလာ
တာမို့ ဂျီဆောင်းပြုံးလိုက်မိသည်။
အိပ်ရေးမဝရင်ကပ်ချွဲတတ်တဲ့ မြောင်ပေါက်စလေး။

" ကိုကို့ ကလေးလေးနိုးလာပြီကို! "

" ဟုတ်, အနံ့​လေးက​မွှေး​နေတာပဲ ကိုကိုဘာချက်နေတာလဲ "

" ဂင်ချီဟင်းရည်ချက်နေတာ,လန်းသွားအောင်ရေအရင်
သွားချိုး။ပြီးရင် ကိုကိုတို့ထမင်းစားကြမယ် "

" ထမင်းအရင်စားလို့မရဘူးလား "

ဟင်းရည်အိုးကိုမီးပိတ်လိုက်ရင်း ရေမချိုးချင်လို့ ဂျစ်နေတဲ့
ကလေးလေးဘက်ကို ဂျီဆောင်းလှည့်လိုက်​တော့။
ခုဏကအတိုင်းလေးပဲ ဂျီဆောင်းရင်ဘတ်​ပေါ်ကိုမျက်နှာ
အပ်လာပြီး ခါးကိုဖက်ထားတာကိုလဲမလွှတ်ပေ။

" ကလေးလေးက ဗိုက်အရမ်းဆာနေလို့ ထမင်းအရင်စား
မယ်လေ။ပြီးတော့မှ ရေချိုးမယ်​လေ နော်...နော်လို့ "

ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်Where stories live. Discover now