ချစ်သူကောင်လေး ဖြစ်လာခဲ့တယ် ^" ကိုကိုမှာထားတာတွေမှတ်မိတယ်မလား ကလေးလေး! "
" ဟုတ် , ထမင်းချက်ထားပေးခဲ့တယ်, နေ့လည်ကျရင်မှာထားတဲ့ကြက်ကြော်ကို Deliသမား လာပို့ပေးရင် ယူထား
ပြီးတော့ထမင်းနဲ့ကြက်ကြော်နဲ့စားရမယ်, ဂင်ချီဟင်းရည်ကို
ပြန်မနွှေးပဲစားရမယ် "ဂျီဆောင်းမှာထားတာတွေကို လက်ကလေးတွေချိုးကာ ရေ
တွက်ပြီးပြန်ပြောပြနေနဲ့ အရှေ့က အကောင်ပေါက်လေးကို
ကြည့်ပြီးဂျီဆောင်းသဘောကျနေမိသည်။
မူကြိုကလေးပေါက်စလေးတွေကျောင်းသွားခါနီး အမေမှာထားတာတွေကို လက်ရေတွက်ပြီး ပြန်ရွတ်ပြနေသလို
မျိုးလေးဖြစ်နေတာကြောင့် ဂျီဆောင်းခဗျာ
ကိုယ့်ကိုကိုယ်တောင် ကလေးအမေကြီးနဲ့တူနေသလိုမျိုးခံစားမိလာသည်။" ကိုကိုပတ်ဂျီဆောင်းရဲ့ချန်းလော့လော့လေးကတော်
လိုက်တာ "ကလေးလေးရဲ့ခေါင်းလုံးလုံးလေးကိုပုတ်ကာပြောလိုက်တော့
" ဟီးးး ကိုကို့ရဲ့ကလေးလေးမို့လိုပါဗျ "
ဂျီဆောင်းထိုသို့ပြောတိုင်းသဘောကျတတ်တဲ့ကလေးလေးက
အရှေ့ကနေ ကြောင်နားရွက်ဖြူဖြူကလေးတွေထောင်နေတဲ့
ခေါင်းလေးကို တညှိတ်ညှိတ်လုပ်ကာ လက်ကလေးပိုက်ပြီး
ဂျီဆောင်းပြောသလို ဟာမိုနီ လိုက်ကာပြန်ဖြေလေသည်။နားရွက်လေးတွေကို ဂျီဆောင်းသိသွားသည့်နေမှစကာ
ကလေးလေးက ဖိမထားတော့ပဲ ပုံမှန်အတိုင်းသာရှိစေသည်။" အချွဲလေး , ကိုကို ဂင်ချီဟင်းရေပြန်မနွှေးခိုင်းတာက
ကလေးလေးလက်တွေအပူလောင်ကုန်မှာဆိုးလို့!
အပူခံအိုးထဲထည့်ပေးခဲ့တယ်! ထမင်းစားရင်ဒီတိုင်းခတ်စားလိုက်! ပြီးတော့ မီးတွေလျှောက်မကိုင်ရဘူးနော်!
ကြက်ကြော်လာပို့ရင်လဲတံခါးမဖွင့်ခင် Deliဟုတ်မဟုတ်
အရင်ကြည့် deliဟုတ်တယ်ဆိုမှ တံခါးဖွင့်ပေး! ယူပြီးတာနဲ့ချက်ချင်းတံခါးကိုသေချာပြန်ပိတ်ထား ကြားလား "
YOU ARE READING
ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်
Fanfiction" ကိုကို ပြောတာဘာမှားလို့လဲ လော့လော့ ။ ကြည့်ဦး ငါးမုန့်ကြော်လဲ မစားပြန်ဘူးလား " " မြောင် မြောင်... " " ဟာ ဟိတ်ဘယ်သွားတာလဲ လာခဲ့လော့လော့!! ကိုကို ပြောနေတာမပြီးသေးဘူးလေ! " ^ ကိုယ့်ရဲ့ OTP ဖြစ်တဲ့ ChenJi ကိုအရမ်းသဘော ကျလွန်းတာကြောင့် ကိုယ်တိုင်ဖတ်ဖို...