> 4/Zg <

19 2 0
                                    


" ကလေးလေးရေ , ကိုကို့ရဲ့ လော့လော့လေး​ရေ
ကိုကို့ ကိုကြည့်ပါဦးကွာ "

" ကတိမတည်တဲ့သူကိုမ​ခေါ်ပါဘူး​နော် ဟွန့် "

ကလေးလေးဆီကနေအဖြေရပြီးတော့ ဒီတစ်ပတ်
အလုပ်ပိတ်ရက်ကျရင် Dateမယ်ဆိုပြီး ကလေးလေး
ကိုပြောထားပေမဲ့ အလုပ်ကအရေးတကြီး Overtime
ဆင်းရတာကြောင့် Dateဖို့ကိုမသွားဖြစ်တော့။
အဲ့တာကို ကလေးလေးကစိတ်ကောက်နေခြင်းပင်။

အခုလဲအလုပ်ကပြန်​ရောက်​ရောက်ချင်း အဝတ်တောင်
မလဲနိုင်ပဲ ​ချော့နေတာ​တောင်သူ​လေးကအဖတ်မလုပ်။

" ကိုကိုလဲ ကလေးလေးနဲ့တူတူ​လျှောက်သွားချင်တာ​ပေါ့ကွာ,
ဒါပေမဲ့ အလုပ်ကလဲအရေးကြီးနေတော့ ကိုကိုကခွင့်ယူ
လို့မရဘူးလေ ကလေးရဲ့ "

" အဲ့ဆိုလဲ ဘာလို့ Dateမယ်လို့ပြောသေးလဲ,
ကလေးလေးကကိုကိုနဲ့တူတူ ကစားကွင်းသွားပြီးလျှောက်
လည်ချင်တဲ့ဟာကို "

" အခု ကိုကိုတို့ လမ်းထိပ်က ကစားကွင်းလေးကို
သွားမလား။ကိုကို လိုက်ပို့မယ်လေ "

" အဲ့ကစားကွင်းက ဟိုTVထဲကလိုမျိုး အကြီးကြီးတွေ
ဟုတ်လို့လား, ကစားကွင်းအကြီးကြီးဆီသွားချင်တာပါဆိုနေ!
တော်ပြီ ကိုကို့ကို ဒီနေ့မ​ခေါ်​တော့ဘူး "

ကုတင်ပေါ်မှာအိပ်နေတဲ့ကလေးလေးကမ​ခေါ်​တော့ဘူး
ဆိုပြီးဖက်လုံးကိုဖက်တာ တစ်ဖက်ကိုလှည့်ပြီးစိတ်ကောက်
သွားလေရဲ့။

" အာရီဂူးး... မခေါ်ပဲတော့မနေပါနဲ့ကွာ။မနက်ဖြန်လိုက်
ပို့​ပေးမယ်လေ။ဒီနေ့ရက်စားဆင်းပေးရတာမို့လို့ မနက်ဖြန်
အလုပ်ကခွင့်ရတယ် ကလေးလေးရဲ့ "

ဂျီဆောင်းပါစ ကုတင်ပေါ်ဝင်လှဲလိုက်ရင်း တစ်ဖက်လှည့်
ကာစိတ်ကောက်နေတဲ့ ကလေးလေးကိုအနောက်ကနေ
ဖက်ကာ အကျိုးကြောင်းချော့ပြောလိုက်​တော့
" တကယ်လား! "ဆိုပြီးဂျီ​ဆောင်းဘက်ကိုမျက်နှာ​လေးလှည့်လာသည်။

" အင်း,တကယ်! "

" အဲ့ဆိုလဲပြီး​ကော "

" စိတ်​ကောက်​ပြေပါ​တော့ကွာ။ ထတော့ ထမင်းစားရအောင်။
ကိုကိုဗိုက်တအားဆာ​နေပြီ "

ကြောင်ဖြူလေးတစ်ကောင်က ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူကောင်လေးဖြစ်လာခဲ့တယ်Where stories live. Discover now