1

517 74 17
                                    

'' လမ်းခွဲရအောင် ''

'' တွဲရတာပျင်းလာပြီ ''

'' အမြဲတမ်း စာအုပ်ကြီးလိုနေတတ်တဲ့လူနဲ့ ရှေ့ဆက်ဖို့အဆင်မပြေတော့ဘူး ''

'' ရှေးခေတ်လက်ကျန်ကြီးအတိုင်းပဲ။ အတတနေတတ်တဲ့ ရှင်နဲ့တွဲရတာ ​ေxာက်ရမ်းပျင်းစရာကောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်မသိဘူးလား! ''

'' အားနာလို့ ဒီအခြေအနေအထိ တွဲလာပေးခဲ့တာ။ ဒီထက်ပိုပြီးတော့ ရှင့်လိုလူနဲ့ မတွဲနိုင်တော့ဘူး။ ပျင်းရင်းနဲ့ ပျင်းလို့သေတော့မယ် ''

3နှစ်တာလက်တွဲခဲ့တဲ့ ဆက်ဆံရေးက ဒီလိုအလွယ်တကူနဲ့ ပျက်သွားပြီတဲ့လား။ Kyungsooဘက်ကတောင် ဘာမှမပြောလိုက်ရ။ တစ်ဖက်မိန်းကလေးကသာ ပြောချင်တာတွေပြောပြီး နောက်ကိုလှည့်မကြည့်စတန်း ထွက်သွားခဲ့ပြီ။

အတတနေသတဲ့!
ပျင်းစရာကောင်းတယ်တဲ့!

ဒီလိုအပြောတွေအတွက် Kyungsooမှာတုန့်ပြန်နိုင်ခြင်းမရှိခဲ့။ တုန့်ပြန်နိုင်စွမ်းမရှိတော့တာဆို ပိုမှန်လိမ့်မယ်။

တိုးတက်နေတဲ့ ခေတ်လမ်းကြောင်းသဘာဝနဲ့ သွေဖယ်စွာနေခြင်းကိုသာ ခုံမင်လေ့ရှိတဲ့ Kyungsooအတွက်တော့ ဘောင်အပြင်ရောက်နေသူတစ်ဉီးပါပဲ။

ကလေးဘဝတုန်းက စာသင်ခန်းထဲမှာ ဆရာမက ကြီးလာလို့ဘာဖြစ်ချင်ကြသလဲမေးရင်တောင် သက်တူရွယ်တူတွေ အပြိုင်အဆိုင်ဖြေနေကြတဲ့ ဂုဏ်တွေဒြပ်တွေ အလွှာလွှာဆင့်ဆောက်ထားတဲ့ ရာထူးဂုဏ်ထူးတွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားချင်ကြတဲ့လူတွေအထဲ သူကသာအေးရာအေးကြောင်းနဲ့ ရွာသေးသေးလေးမှာ လယ်စိုက်မယ်ဆိုတုန်းက တစ်တန်းလုံးကသူ့ကို လူထူးလူဆန်းဆိုပြီး ဝိုင်းလှောင်တာတောင် ခံလိုက်ရသေးတယ်။

ဘယ်သူဘာပဲပြောပြောလေ။ ဒိုဂျောင်ဆူးလိုလူအတွက်တော့ ငွေကြေးထက် အေးချမ်းရာရပ်ဝန်းလေးကိုသာ ပိုမိုခုံမင်သူဖြစ်တာမို့ ခေတ်ရေစီးကြောင်းနဲ့ယှဉ်ရင် သူကစာအုပ်ကြီးသမားပါပဲ။

ကိုယ့်ဘက်က တွယ်ခဲ့တဲ့ကြိုးတွေကို တစ်ဖက်လူက မလိုလားဘူးဆိုမှတော့ ​ဖြတ်ချပေးရတော့မှာပေါ့။ နှစ်ဉီးနှစ်ဖက်အပင်ပန်းခံပြီး ဇွတ်တွယ်ထားမယ့်လူစားထဲမပါသူမို့ သူ့ရင်ခွင်ကနေ ကင်းလွတ်သွားတဲ့ မိန်းကလေးက သူ့ထက်သာမယ့် တစ်ပါးသူရင်ခွင်မှာ ပိုပျော်ရွှင်မှာပါ။

That PersonWhere stories live. Discover now