သူများတွေအတွက်အိမ်ဆိုတာ နွေးထွေးမှု၊ ပျော်ရွှင်မှုတို့နဲ့ ပြည့်နှက်နေတဲ့ စကားလုံးလေး တစ်လုံးဆိုပေမယ့် Kyungsooအတွက်တော့ မနှစ်မြို့စရာတွေနဲ့ပြည့်နှက်နေတဲ့ နေချင်စဖွယ်မရှိသည့်နေရာပင်။
သူ့စိတ်အလိုဆို ကျောင်းပြီးအောင်တောင် ဆက်တက်ချင်စိတ်မရှိတော့ဘဲ လူသူအရောက်နည်းပါးတဲ့ ရွာခေါင်ခေါင်ကလေးမှာသာ လယ်ယာလေးဘာလေးစိုက်ရင်း ဘဝကိုကုန်ဆုံးသွားလိုက်ချင်မိသည်။
ငွေကြေးကိစ္စကို မမက်မောတတ်သည့်သူ့အတွက် တစ်နေ့ထမင်း၃နှပ်မှန်အောင် ဗိုက်ဝဝစားနေရရင် ပြည့်စုံပြီလို့သတ်မှတ်ထားသည့်လူပါလေ။
ဘဝကိုရိုးရိုးရှင်းရှင်း အေးအေးချမ်းချမ်းဖြတ်သန်းချင်သည့်သူ့အတွက် လက်ရှိပိုင်ဆိုင်ထားရသည့် ဘဝသည်ကတော့ တစ်နေ့တစ်လေမှ အေးချမ်းရတယ်လို့ကို ရှိမနေချေ။
ခြံတံခါးဖွင့်လိုက်တာနဲ့ အော်ဟစ်သံဖြင့်ဆီးကြိုခြင်းခံလိုက်ရပြီးပြီ။ ထုံစံအတိုင်း နေ့စဉ်ရက်ဆက် ဉီးလေးနဲ့သူ့မိန်းမရဲ့ရန်ဖြစ်ဆဲဆိုသံကို ကြားနေရပြန်ပြီ။
လောင်းကစားဝါသနာထုံတဲ့မိန်းမနဲ့ ဉီးလေးဖြစ်သူလင်မယားက တစ်ယောက်အပြစ်တစ်ယောက်ထိုးနှက်ရင်း ရန်ဖြစ်ကြတာကလည်း နေ့စဉ်နဲ့အမျှဆိုတော့ အိမ်နီးချင်းတွေကပင် နားယဉ်နေသည့်ဇာတ်ဝင်ခန်းတစ်ခုလို ဖြစ်နေကြပြီ။
ဆူညံနေတဲ့ရန်ဖြစ်သံကြောင့် အိမ်ထဲဝင်ချင်စိတ်မရှိသေးတာကြောင့် အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာ အရုပ်ကလေးချထားသလို ငြိမ်သက်စွာထိုင်နေမိသည်။
နွေးထွေးမှုမရှိတဲ့အိမ်မှာ နေရတာနဲ့တင် ညစ်ညူးနေတဲ့စိတ်တွေက ပိုလို့ပင်ထိုင်းမိုင်းနေတော့သည်မှာလည်း နေ့စဉ်ရက်ဆက်ပါပဲ။
'' ကိုကိုရေ ''
crop teeနဲ့ဂျင်းဘောင်းဘီခပ်ပွပွကို ဝတ်ဆင်ထားတဲ့ ကောင်မလေး။ တစ်နည်း ဉီးလေးတို့ရဲ့သမီး။
'' နင်ကဘယ်ကိုတုန်း ''
'' သိရဲ့သားနဲ့မေးနေပြန်ပြီ။ အပြင်ပဲပေါ့ ''
'' ရည်းစားနဲ့ပဲမလား ''
'' အဟဲ..ဒါပေါ့ ''
ကောင်မလေးက သူ့ဆီပြေးဝင်လာပြီး ပါးတစ်ဖက်ကိုပါ နမ်းရှိုက်သွားသည်ကြောင့် ကောင်မလေးရဲ့နှခမ်းနီအနည်းငယ်က Kyungsooပါးပေါ်ထင်သွားခဲ့သည်။

YOU ARE READING
That Person
Fanfictionမျက်မှန်အောက်က မျက်ဝန်းတစ်စုံကို မတွန်းလှန်နိုင်တဲ့အခါ...~ KaiSoo Fanfiction