3

232 56 2
                                    

စာအုပ်ဖတ်ရင်း နေ့လည်စာဗိုက်ဖြည့်မယ်ဆိုတဲ့အတွေးက လူဆိုးလေးနဲ့တွေ့ပြီးတဲ့နောက်မှာတော့ ကမောက်ကမပင်။ latteနဲ့ကိတ်စားနေတဲ့စားပွဲပေါ်မှာ ဆန့်ကျင်ဘက်စတော်ဘယ်ရီရေခဲမုန့်ကလေးကပါ ရှိနေခဲ့တယ်။

လူကြည့်တော့ ခပ်ဆိုးဆိုးကောင်လေးစရိုက်နဲ့ စားတော့ကလေးကလား။ ရေခဲမုန့်ကိုဇွန်းနဲ့ခပ်လိုက် ပါးစပ်ထဲထည့်မြှုံလိုက်လုပ်နေတဲ့ လူဆိုးလေးက ကလေးဗိုလ်အလား။

'' ရေခဲမုန့်ဖိုးHyungရှင်းလိုက် ''

'' ဘာဆိုင်လို့လဲ။ မင်းစားတာမင်းရှင်းလေ ''

'' ပြောရက်တယ်နော်။ Hyungနဲ့အကြာကြီး စကားပြောပေးရတာလေ။ ရေခဲမုန့်လေးတစ်ခွက်တော့ ဝယ်ကျွေးသင့်တာပေါ့ ''

ဂျစ်ကန်ကန်လူဆိုးလေးလို့ သတ်မှတ်ထားတဲ့ကောင်လေးက ဤသို့ဤသို့နှယ် ဂျစ်တိုက်တတ်ပြန်သေး၏။

Kim Jonginဆိုတဲ့ လူဆိုးလေးနဲ့သိခွင့်ရတာက သူ့လိုလူဆီမျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ ကံကောင်းခြင်းလေးဆို ဒီကံကောင်းခြင်းလေး ထွက်မသွားခင်အထိ ဖမ်းဆုပ်ထားချင်သေးတယ်။

အစကတော့ မုန့်စားရင်း စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ်လို့ ကြံရွယ်ထားပေမယ့် မျက်စိရှေ့ကလူဆိုးလေးက ရေခဲမုန့်ကုန်သွားတဲ့အခါမှာတော့ အငြိမ်မနေတော့ပေ။

ရေခဲမုန့်ဇွန်းကို အသံမြည်အောင်ကိုက်လိုက်လို့ Kyungsooကစာအုပ်ဖတ်နေရာကနေ မျက်လုံးလှန်ကြည့်ရင် ပြောင်စပ်စပ်ရယ်နေတတ်တာ ခဏခဏဆိုတော့ စာအုပ်ဆက်ဖတ်လို့လည်း မရတော့။

'' ပြန်တော့မှာလား? ''

'' အင်းလေ ''

'' စာဖတ်လို့ မပြီးသေးဘူးမလား? ''

Kyungsooက မကျေမနပ်ဟန်နဲ့ နှာခေါင်းပေါ်လျှောကျလာတဲ့မျက်မှန်ကို လက်ခလယ်နဲ့ပင့်တင်လေတော့ လူဆိုးလေးကရယ်နေလိုက်တာများ စားပွဲပေါ်မျက်နှာမှောက်တဲ့အထိ။

'' ပြန်မယ်ဆိုလိုက်ပို့ပေးမယ် ''

စားပွဲပေါ်လက်ထောက်ပြီး မျက်လုံးခြင်းစုံလာတဲ့Jonginက အကြည့်ခြင်းယှဉ်တာက သူ့ဘက်ကစပေမယ့် မျက်မှန်အောက်က ခပ်ဝိုင်းဝိုင်းမျက်လုံးတွေက မျက်တောင်တို့ဆင့်ခတ်ချိန်မှာ သူ့ဘက်ကအရင်ပဲ အကြည့်လွှဲလိုက်မိသည်။

That PersonWhere stories live. Discover now