6

201 42 5
                                    

ချမ်းစိမ့်စိမ့်ရာသီဉတုမှာ လက်ရှည်အပါးလေးတစ်ထည်နဲ့ အပြင်ထွက်လာတဲ့သူ့ကို လူဆိုးလေးက ခြေဆုံးခေါင်းဆုံးကိုမှ မျက်လုံးတွေမှေးကျဉ်းကာကြည့်နေတာကြောင့် အစောတုန်းကစိတ်ပူရတာ Kyungsooကိုယ်တိုင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စိတ်အပူခံလူတန်းစားလေး ဖြစ်သွားရချေပြီ။

'' ဒီလောက်အေးနေတာကို အင်္ကျီအပါးလေးတစ်ထည်တည်းနဲ့ ထွက်လာတယ်ဆိုပါတော့ ''

'' ရုတ်တရက်ဆိုတော့ မေ့သွားလို့ ''

စိတ်ပူခံရတယ်ဆိုတာ ဘာမှန်းမသိတဲ့ဘဝမှာ နေထိုင်ခဲ့ရသူမို့ တစ်စုံတစ်ယောက်က ကိုယ့်အတွက်စိတ်ပူနေတယ်ဆိုတဲ့ခံစားချက်က ဘယ်လောက်တောင် နွေးထွေးလိုက်သလဲ။

အရှိန်ပြင်းပြင်း ပြေးနေရာကနေ တိကနဲရပ်လိုက်တဲ့အခါ ခံစားရတဲ့ရင်ခုန်သံတလှပ်လှပ်ဆိုတာ စိတ်လှုပ်ရှားတယ်လို့ ခေါ်တာများလား။ ဖိနပ်ထဲကနေ ခြေချောင်းလေးတွေ ကုပ်မိသွားတဲ့အထိကို ဒီခံစားချက်ကို သဘောကျရပါတယ်။

စူးစူးနစ်နစ်ကြည့်နေတဲ့ လူဆိုးလေးရဲ့အကြည့်တွေက သူ့ဘာသူနေတဲ့မျက်မှန်ကလေးကိုပင့်တင်ရင်း မျက်တောင်တို့ပုတ်မိလေတော့ လူဆိုးလေးကစုပ်သပ်ကာ အကြည့်တို့လွှဲသွားတော့သည်။

မျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းကြီးတွေထဲမှာ အလဲလဲအပြိုပြိုဖြစ်နေတဲ့ Kim Jonginရဲ့အားနည်းချက်ကို ထိထိမိမိဆုပ်ကိုင်ပစ်လိုက်သလိုပါပဲလား။

အကြည့်လွှဲလိုက်ပြန်တော့လည်း ကာကွယ်ပေးချင်တဲ့စိတ်က ပိုလာခဲ့ပြန်ရော။

အပေါ်ဝတ်ကိုချွတ်ပြီးပေးတော့ အကြိမ်ကြိမ်ပြိုလဲရပါတဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ နားမလည်သလို ကြည့်လာခဲ့ပြန်သည်။

'' ဝတ်လေ ''

'' ငါကရပါတယ်။ မင်းပဲဝတ်ထားလိုက် ''

'' ဝတ်ဆိုဝတ်လိုက်နော် ဒီထက်ပိုမပြောတော့ဘူး ''

အဲ့လိုကြတော့လည်း အကျအနကိုယူဝတ်ပြီး ဇစ်ပါသေချာဆွဲတော့ ဒဏ်ရာရနေတဲ့ကြားကပင် Kim Jonginတို့ သဘောကျရပြန်သည်။

That PersonWhere stories live. Discover now