5

189 48 0
                                    

လူဆိုးလေးကြောင့် ကြည်လင်နေတဲ့စိတ်က သိပ်ကြာကြာမခံလိုက်။ အိမ်ရှေ့ခန်းမှာ စကားများနေကြတဲ့ ဉီးလေးလင်မယားရဲ့ အိမ်တွင်းရန်ဖြစ်မှုက ညကြီးမိုးချုပ်မှာ ကျယ်ကျယ်လောင်မို့ စိတ်တွေညစ်လာမိသည်။

အိမ်နီးနားချင်းတွေတောင် ကြားရဖန်များတော့ ရိုးနေပြီထင်ပါ့ ဆူပူမှုနဲ့တောင်ရဲစခန်းမတိုင်ကြလို့​ေလ။ အိမ်နီးနားချင်းတွေက မကြားချင်ရင် နားပိတ်ပြီးနေလို့ရပေမယ့် တစ်အိမ်တည်းနေတဲ့လူအတွက်ကတော့ နားပိတ်ပြီးကုတင်အောက်တောင်ဝင် ခွေနေလို့မရတဲ့အနေအထားမှာ ဆူညံ့သံတွေကိုသာ အိပ်ယာဝင်ပုံပြင်မှတ်ပြီး အိပ်ရုံသာ။

လူဆိုးလေးကလည်း ဒီနေ့တစ်ရက် ကျောင်းလာမကြိုပေးနိုင်တာကြောင့် စာရိုက်နေတဲ့Kyungsooလက်တွေက အခန်းတံခါးကို ကြမ်းကြမ်းတမ်းတမ်းဆောင့်ပိတ်သံမှာ အယောင်ယောင်အမှားမှားနဲ့ deleteခလုပ်ကို ဖိထားမိလျှက်သား။

သူ့အခန်းတံခါးဝမှာ ခပ်မဲ့မဲ့မျက်နှာနဲ့ ရပ်နေတဲ့ဒါဟီး။

'' အပြင်သွားရအောင်ကိုကို ''

'' ဒီအချိန်ကြီးလား? ''

'' ဒီပုံစံနဲ့ညအိပ်လို့ရမယ်ထင်နေတာလား? စိတ်ရှုပ်စရာ ''

8နာရီကျော်ကျော် ညွှန်ပြပေးတဲ့ကိန်းဂဏာန်းတွေကို မျက်မှန်တစ်ချက်ပင့်ကာ မရေမရာနဲ့မေးမိသည်။ ဒါဟီးကတစ်ခါတလေတော့ သူအပြင်သွားတဲ့အခါ Kyungsooကိုခေါ်တတ်တာမျိုးရှိပါသည်။

'' အပြင်မှာအိပ်မလို့လား? ''

'' အင်းလေ။ ညလုံးပေါက် ရန်ဖြစ်ကြမယ့်ဟာ ဒါဟီးတော့ဆူဆူညံညံနဲ့ မအိပ်နိုင်ဘူး​ေနာ်။ ကိုကိုလည်းအတူတူပဲမလား ''

'' ဒါတော့ဒါပေမယ့် ''

'' ဒါပေမယ့်လုပ်မနေနဲ့။ အဝတ်အစားလဲပြီး ကျောင်းဝတ်စုံအပိုပါထည့်ခဲ့  သွားမယ် ''

မိသားစုအခြအနေကို မကြိုက်ဘူးဆိုအုံးတော့ လွန်ဆန်နိုင်တာမျိုးမှမရှိတာကြောင့် ညသန်းခေါင်ထပြီး ရန်သတ်ကြရင်တောင် Kyungsooကရသလိုအိပ်လိုက်တာကြောင့် ဉီးလေးလင်မယားညဘက်ရန်ဖြစ်ရင် အပြင်ထွက်ပြီးအိပ်ဖို့ စိတ်တောင်မကူးဖူးသူမို့ အပြင်မှာလည်း တစ်ခါမှညမအိပ်ဖူးခဲ့။

That PersonWhere stories live. Discover now