စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ စားစရာကိုထိုးဆွပြီး အတွေးပင်လယ်ထဲ လက်ပစ်ကူးနေတဲ့ Jonginရဲ့စားစရာဗန်းကိုကြည့်လိုက်တော့လည်း သူစားနေကြ သူ့အကြိုက်တွေချည်း။
သူကသာစားနေတာ တစ်ဝက်ကျိုးရော့မယ် ရှေ့တည့်တည့်ကဆရာသမားက တွေးလို့ကောင်းတုန်း။
'' တွေးလှချည်လားဟ ''
'' အင်း တွေးစရာလေးတွေရှိနေလို့ ''
အတည်ကြီး ဖီးလ်နေပုံရတဲ့Jonginကြောင့် စားစရာကိုတောင် အပြည့်အဝဂရုမစိုက်နိုင်တော့ဘဲ ရှေ့ကသူငယ်ချင်းဆီသာ အကြည့်တွေစုံပြုံလျှက် ပို့ထားလိုက်သည်။
'' ငါ့ကိုပြောပြလို့ရရင် ပြောကြည့်လေ။ နားထောင်ပြီး အကြံဉာဏ်လေးဘာလေး ပေးလို့ရတာပေါ့ ''
'' ဆမ် ''
'' အေး ပြောလေ ''
'' သူ့အနားမှာရှိရင်ကွာ ငါ့စိတ်တွေပေါ့ပါးပြီး လွတ်လပ်တယ်၊ ပျော်သလိုမျိုး ခံစားရတယ်ဆိုရင် အချစ်လို့သတ်မှတ်လိုက်ရမလား? ''
'' KimရာKim ငါပြောမယ် ''
ပြောလေဆိုပေမယ့် Jonginရဲ့အကြည့်တွေက စားစရာကိုသာထိုးဆွမြဲ။
'' မင်းဆီမှာ စိတ်ညစ်စရာတစ်ခုခု ရှိတယ်ပဲထားပါတော့။ အဲ့ဒီတော့ငါက မင်းစိတ်တွေပေါ့ပါးသွားအောင် ကူညီပေးနိုင်တဲ့လူ ဖြစ်နေတယ်ဆိုရင် မင်းအနေနဲ့ငါ့ကိုချစ်နေတယ်လို့ သတ်မှတ်လိုက်မှာလား? မဟုတ်ဘူးနော်။ တူသလိုလိုဆိုပေမယ့် ခံစားချက်ကတစ်ခြားစီလေ။ ဟုတ်တယ်ဟုတ်? ''
Jonginရဲ့အင်းချသံက ဝတ်ကျေတန်းကျေနဲ့ ဆမ်အပြောကိုလက်မခံမှန်းလည်း ဆမ်ကိုယ်တိုင်သဘောပေါက်ပြီးသား။ သူ့သူငယ်ချင်းက မဟုတ်တဲ့နေရာဆို အင်မတန်ခေါင်မာတဲ့လူလေ။
'' ကဲကွာ အဲ့လောက်လည်း ညစ်မနေနဲ့ မင်းစတိုင်လ်မှ မဟုတ်တာ။ မင်းရောသူရောထိခိုက်မယ့်လမ်းမဟုတ်ရင် မင်းရဲ့မြတ်နိုးရာလေးအနားမှာ အချိန်ယူပြီးအဖြေရှာကြည့်လိုက်လေ။ တစ်ချိန်ချိန်တော့ မင်းလိုချင်တဲ့အဖြေမျိုး ရလာမှာပါ ''
'' ကျေးဇူး ဆမ်။ ဒါတော့လက်ခံလိုက်မယ် ''
'' ဒီအတိုင်းလက်ခံရုံပဲလား? ''
YOU ARE READING
That Person
Fanfictionမျက်မှန်အောက်က မျက်ဝန်းတစ်စုံကို မတွန်းလှန်နိုင်တဲ့အခါ...~ KaiSoo Fanfiction