8

293 42 2
                                    

" မှာထားတာတွေရပါပြီ ''

အဖြူရောင်ကြွေပန်းကန်ထဲ ငှက်သိုက်လို အဝိုင်းသဏ္ဍာန် ခွေထည့်ထားတဲ့ ခေါက်ဆွဲအလယ်မှာ ကြက်ဉတစ်လုံးရယ် ကြက်ပေါင်တစ်ချောင်းရယ်နဲ့ နံနံပင်တစ်ခုကပါသေး။

ကြက်ဉနဲ့ပတ်သက်ရင် အိမ်မက်ဆိုးတွေမက်ခဲ့ရတဲ့Jonginအတွက်တော့ ခေါက်ဆွဲပန်းကန်ကို မြင်တာနဲ့တင် မျက်နှာကအလိုလိုမဲ့လာပြီ။

မျက်စိရှေ့ကအရသာကို မမြည်းရသေးပေမယ့် ငယ်ငယ်ကစားခဲ့ရတဲ့အရသာက အခုချက်ချင်း ပါးစက်ထဲစွဲလာသလို။

ကြက်ဉမြင်ရင်ကို Kim Jonginတို့ တစ်နေ့တာအစားပျက်တဲ့နေ့

ဆိုပေမယ့်.....

မျက်နှာချင်းဆိုင်တည့်တည့်က အေးချမ်းရာလေးကတော့ ပြုံးတုံ့တုံ့လေးနဲ့ ဖုန်းထုတ်ပြီးတောင် ဓာတ်ပုံရိုက်လိုက်သေး။

အံမယ်!
သူကဒါမျိုးလည်း လုပ်တတ်သေးတာလား။ ဆေးခါးအရသာစွဲနေတဲ့ခံတွင်းထဲကို သကြားလုံးချိုချိုလေး ပစ်ထည့်ပေးလိုက်သလို ခံစားချက်မျိုး။

ခေါက်ဆွဲစားလို့ဖြစ်ပေမယ့် အိမ်မက်ဆိုးအစ ကြက်ဉက​ေပမို့ ဉကိုတော့ယောင်လို့တောင် ထိလို့မဖြစ်။

သူ့ပန်းကန်ထဲကကြက်ဉကို အေးချမ်းရာလေးရဲ့ပန်းကန်ထဲ ထည့်ပေးလိုက်တော့ အငွေ့ရိုက်ထားတဲ့မျက်မှန်နဲ့ မော့ကြည့်လာလေရဲ့။ အားရှိအောင်လို့စားဆိုတော့ တအင်းအင်းနဲ့ ပြန်ငုံ့သွားပြန်သည်။

မျက်မှန်သမားမို့ မျက်မှန်တပ်ရင်း အပူစာစားတာ အကျင့်ဖြစ်နေပြီမို့ သိပ်ထူးဆန်းမနေတော့ပေမယ့် အငွေ့ရိုက်နေတဲ့မျက်မှန်ကိုမသုတ်ဘဲ အေးအေးလူလူခေါက်ဆွဲစားနေနိုင်တဲ့ သူ့ကိုကြည့်နေတဲ့Jonginကတော့ ထူးဆန်းနေပုံပါပဲ။

အေးချမ်းရာလေးက မျက်မှန်နဲ့စားတာပဲ အဆင်ပြေပါတယ်။ မဟုတ်ရင်အစားပျက်မယ့်လူက သူကိုယ်တိုင်ပေမို့။

မီနူးစာရွက်ထဲခေါင်းစိုက်ပြီးတဲ့အခါ ခေါက်ဆွဲပန်းကန်ထဲ​ ခေါင်းစိုက်ပြန်သည်။

'' အသက်လေးဘာလေးရှူပါအုံး ''

တစ်လျှူးလှမ်းပေးတော့ ခေါက်ဆွဲတမြုံ့မြုံ့ဝါးလျှက်သားနဲ့ လှမ်းယူသည်။

You've reached the end of published parts.

⏰ Last updated: Jul 19, 2023 ⏰

Add this story to your Library to get notified about new parts!

That PersonWhere stories live. Discover now