တိုက်ခန်းအောက်ရောက်တော့ အပေါ်ဝတ်ကိုချွတ်နေတဲ့ Kyungsooရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
'' မချွတ်နဲ့တော့ ''
'' မင်းရဲ့အပေါ်ဝတ်လေ။ ပြန်ပေးရမှာပေါ့ ''
'' ပေးချင်မနက်ဖြန်မှပေး ''
နှစ်ယောက်ကြားထဲ ပြန်လည်တိတ်ဆိတ်သွားတဲ့ လေထုကြားမှာ သူ့ရဲ့အေးချမ်းရာလေးက အနေခက်တယ်ထင်ပါရဲ့ မျက်မှန်လေးတပင့်ပင့်နဲ့ ဟိုသည်ကြည့်နေတဲ့ ရိုးရိုးရှင်းရှင်းပုံရိပ်ကလေးက အမှတ်မထင် စွဲထင်သွားခဲ့တဲ့ပုံရိပ်ကလေးပါပဲ။
'' မနက်ဖြန်လာခေါ်မယ် ''
မျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းတွေက အခက်တွေ့နေသည့်ဟန်။
'' မနက်စာအတူစားရအောင် ေစာစောထွက်လာလို့ အဆင်ပြေတယ်မလား ''
'' အင်း အင်း ''
မျက်လုံးတွေ မှေးမှိတ်သွားသည့်တိုင်၊ အသည်းပုံနှခမ်းပေါ်တဲ့အထိ ရွှင်ပြနေတဲ့ပုံရိပ်ကလေးက အေးချမ်းရာရပ်ဝန်းကလေးပါပဲ။
အေးချမ်းရာလေးရှိရာအနီးတစ်ဝိုက် သာယာတယ်ဆိုတဲ့ ဘာသာရပ်ကို Kim Jonginရဲ့အဘိဓာန်မှာ ပြဌာန်းခဲ့ပြီးပြီ။
•°•°•°•
Jonginအိမ်ပြန်ရောက်တော့ တော်တော်လည်း ညနက်နေပြီဖြစ်တာကြောင့် အိမ်ကြီးကတိတ်တိတ်ဆိတ်ဆိတ်ရယ်။
ပန်းပင်စိုက်တာဝါသနာပါတဲ့ မေမေလေးကြောင့် ခြံတစ်ဝက်လောက်က ပန်းပင်မျိုးစုံနဲ့လှလှပပ။ မီးရောင်အောက်က အရောင်အသွေးစုံတဲ့ ပန်းပင်တွေကြားမှာ တိုက်ခတ်လာတဲ့ လေနုအေးတွေက သူ့ရဲ့အေးချမ်းရာလေးလောက်တော့ ဘယ်အေးချမ်းပါ့မလဲ။ အေးချမ်းရာလေးက ပိုတာပေါ့။
အိမ်ထဲအရောက် ညစာမစားတော့ဘူးလို့ တွေးထားခဲ့ပေမယ့် ထမင်းစားခန်းထဲမှာ ထိုင်စောင့်နေတဲ့ မေမေလေးကြောင့် အပေါ်တက်မယ့်ခြေလှမ်းတွေက ထမင်းစားခန်းဝဆီ ဉီးတည်ခဲ့ရပြန်သည်။
'' ညစာစားမှာလား? ''
'' စားမှာ။ အရင်ဆုံးကျွန်တော် အဝတ်အစားလဲလိုက်အုံးမယ် ''
YOU ARE READING
That Person
Fanfictionမျက်မှန်အောက်က မျက်ဝန်းတစ်စုံကို မတွန်းလှန်နိုင်တဲ့အခါ...~ KaiSoo Fanfiction