Part 3

1.2K 50 0
                                    

~~တီတီ..တီ.တီ (နိူးဆက်မြည်သံ)
မနက် 5:30

~နာရီနိူးဆက်သံကြောင့် ဒေါ်‌ေလးရွေရီ နိူးထကာ ရေမိုးချိုးပြီး ဘုရားပန်း ဝယ်ရန်နှင့် အခြားသောဟင်းသီးဟင်းရွက်များ ဝယ်ရန် မနက်ဈေးသွားမည် ဆိုကာ အောက်ထပ်သို့ ဆင်းလာစဉ်....

“အမလေး ဗုဒ္ဓေါ”

(တစ်စုံတစ်ယောက်ကို မြင်၍ လန့်သွား‌သောကြောင့် လန့်အော်မိသည်)

“ဟဲ့အဲနားမှာဘယ်သူကြီးတုန်း"

“မြရင် ဟဲ့ မြရင် ဘယ်နားခိုးအိပ်နေလဲ ဧည့်ခံမှာဘယ်သူ ထိုင်နေတာတုန်း”

“ရှင် ဒေါ်လေး”

“အဲတာဘယ်သူကြီးလဲ”

“ဒေါ်လေး တိုးတိုး အဲတာ မမလေး ခင်သက်မွန် ပါဒေါ်လေး”

“ဟင် ခင်သက်မွန်!!!

“တိုးတိုး ‌ဒေါ်လေး ကြားသွားအုံးမယ်”

“အေဘာဟ အေဘာ ဒါနဲ့ ဒီကလေးမ မနက်အစောကြီး ဘာထိုင်လုပ်နေတာပါလိမ့်”

“ဟုတ်တယ်နော် ဒေါ်လေး မမလေးကိုကြည့်ရတာ ကွဲနေတာ နေမှာ ကွဲကွဲ”

“ဟဲ့အဲတာဘာလဲ ကွဲ ကွဲ က”

“အသဲလေး အသဲနှလုံးသားကွဲအက်နေတာလားလို့ပြောတာ”

“ဟဲ့ပေါက်ကရ မပြောစမ်းပါနဲ့ ငါသွားမေးကြည့်အုံးမယ် နေစမ်း”

“အာဒေါ်လေး နေအုံး!”

“သွားပါပြီ မမလေး တော့ငါကိုဆူတော့မှာပဲ”

ဒေါ်လေးတစ်ယောက် ခင်သက်မွန် စီသိူ့အရောက်...

“အမလေး ဘုရား”

“ဟဲ့ ပလုတ်တုတ် ဘာလို့ ထအော်တာတုန်း”

“ဒေါ်လေးကလည်း အသံမပေးဘာမပေးနဲ့ ရောက်လာပြီတော့ လန့်ရတယ်လို့”

“အမ် ဒေါ်လေးဟိုလှေကားထပ် ကနေအော်နေတာပါအေ ညည်းပဲမကြားတာ”

“နေပါအုံး နေပါအုံး ငါ့တူမတော့ ဟုတ်ပါတယ်နော် နေမကောင်းများဖြစ်နေတာလား ခင်သက်မွန်”

~ဒေါ်လေးခမျာ တအံ့တဩ မေးနေသောသည်။ အကြောင်းကာ သူတူမ မနက်ကို ပုံမှန် ၈:၀၀နာရီ မှသာထသောကြောင့် ယခုလို အစောကြီး ထနေသည်ကို မြင်၍ တအံ့တဩ မေးမြန်းနေသည်~

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now