Part 26

878 31 2
                                    

မြရင်ရေ မြရင်

"ပြန်ရောက်ပြီလား ဒေါ်လေး"

"အေငါအထုတ်တွေကိုအခန်းထဲယူသွား ပြီးရင် ထုံးမုန့်တွေယူခဲ့တယ် သုံးထုတ်ကို သပ်သပ်ခွဲထားလိုက်"

"ဟုတ်ကဲ့ဒေါ်လေး ပြန်လာတာစောတယ်နော်"

"ဟုတ်တယ် မနေ့ကနေအလုပ်ကိစ္စကပြီးသွားလို့အမြန်ပဲလာခဲ့တာပါအေ"

"ဟုတ်"

"ခင်သက်မွန် ကော ဘယ်မလဲ"

"အော် မမလေး အပေါ်ထပ်မှာရှိတယ် သူငယ်ချင်းယောက်ထားတာမို့လို့အပေါ်ထပ်မှာနားနေကြတယ်"

"အော်ဘယ်သူပါလဲ ယွန်းဝတီလား"

"မဟုတ်ဘူးဒေါ်လေး မြရင် လဲသေချာမသိပါဘူး"

"အေပါသွားသွားလုပ်စရာရှိတာသွားလုပ်တော့ ငါပဲသွားကြည့်လိုက်မယ်ကွယ်"

(မန္တလေးသို့အလုပ်ကိစ္စနှင့်သွားနေသောဒေါ်လေးတစ်ယောက်ပြန်ရောက်သော်)
____________

"ဒါဆိုရင် နင် မြင်ခဲ့တယ်ဆိုတာဘာကိုပြောချင်တာလဲ"

"သေချာလားမသေချာလားမသိပေမဲ့ ငါတကယ်ပြောမထွက်နိုင်ဘူး သော်တာ"

"မဟုတ်လောက်ဘူးထင်ပါတယ် နင်မြင်ခဲ့တယ်ပဲထား သူတို့ပြောတာကိုကောနင်ကြားခဲ့လို့လား"

"အဲတာတော့ငါမသိဘူး ဒါပေမဲ့နှစ်ယောက်လုံးက အရမ်းရင်းနှီးနေကြတာ သော်တာရယ် ငါလည်း မိန်းကလေးတစ်ယောက်ပဲ ငါလည်းခံစားတက်တယ်လေ"

"ဟင်အင့် ‌ခင်သက်မွန် နင်ပြောနေတာကို တိကျတာကို မရှိနေတာ အဲလိုမတွေးပါနဲ့ဟာ"

"ဒါဆိုရင်ငါဘာလုပ်သင့်လဲဟင် တကယ်ဟုတ်လားဆိုတာစုံစမ်းကြည့်ရမလားဟင်"

"နင်ပြောတာဟုတ်မဟုတ်ငါတို့အချိန်ယူပြီးတော့ စောင့်ကြည့်ရမယ်လေ ငါတော့လုံးဝကို မယုံဘူး‌နော်"

ဒေါက် ဒေါက် ဒေါက်

"ဟင် ဘယ်သူလဲမသိဘူး ခနနော် သော်တာ"

"ပုံတွေမြင်သွားရင်ကော"

"ဘာမဖြစ်ဘူး အိမ်ကလူတွေက အချစ်ဆုံးသူငယ်ချင်းနဲ့ရိုက်ထားတယ်ဘာညာပေါ့ ရတယ် နင်ဖုံးမနေနဲ့အဲတာတွေဒီတိုင်းထားထားလိုက်"

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now