Part 21

375 20 4
                                    

အလိမ်ညာတွေဆိုတာတစ်‌နေ့တော့ပေါ်လာတာပဲမဟုတ်လားဘယ်လိုပဲဖုံးထားဖုံးထားတစ်နေ့ကျရင်တော့အဲဒီအလိမ်အညာတွေကို ကိုယ်မပြောရင်တောင်တစ်နေ့သိလာကြမှာပဲ

ညနေခင်းရောက်သော်

“ဒေါ်လေးသမီးအပြင်ခဏသွားချင်လို့”

“ဘယ်လဲသမီးရဲ့ညနေတောင်စောင်းနေပြီလေ”

ညနေစာအတွက်ချက်ပြုတ်နေရင်း မီးဖိုးခန်းမှထွက်လာကာ ဧည့်ခန်းထဲတွင်ထိုင်နေသော သူ့တူမအား

“ညနေအရမ်းစောင်းနေပြီသမီးရဲ့တစ်ယောက်"နဲ့ချိန်းထားရင်လည်းအိမ်ကိုခေါ်လိုက်လေ ဒေါ်လေးချက်ကျွေးမှာပေါ့သမီးရဲ့”

“ဟုတ်ကဲ့တစ်ခြားသူဘယ်သူမှမဟုတ်ပါဘူးဒေါ်လေးရဲ့ ယွန်းဝတီ နဲ့ပါ”

“အော်ဟုတ်သလား ဒီကလေးမလေးတောင်အိမ်မလာတာကြာပြီပဲ အိမ်ကိုပဲခေါ်လိုက်လေသမီးရဲ့”

“ဟုတ်တယ် သူခုတလောအလုပ်များနေလို့တဲ့လေ”

“ဪ”

တီတီ.....(ဖုန်းမြည်သံ)

‌“ဒေါ်လေးခဏနော်ဖုန်းလာလို့”
ဆိုကာ ဧည့်ခန်းထဲမှ အိမ်နောက်သို့သွားလိုက်သည်

“ဟလို မောင်”

ဘယ်သူမှမကြားအောင်အိမ်နောက်ဘက်သို့ဖုန်းပြောနေစဉ် မြရင် တယောက်နှင့်တန်းတိုးလေရက် သို့သော် ခင်သက်မွန် မမြင်ပေ

“မောင် အသက် အိမ်ကထွက်မရဘူးရယ် မောင်အိမ်ကိုလာခဲ့ပါလားနော်”

ချောင်းနားထောင်နေသည့်မြရင်တစ်ယောက်မှ အသံကိုသေချာနားထောင်ကာ

“နေပါအုံးဘယ်သူနဲ့ပြော‌နေတာလဲဆိုတာငါနားထောင်ကြည့်အုံးမှ”

‌“မောင်အဆင်ပြေမှပါ...ရပါတယ်”

အို နေအုံး ဒါ ဟိုတစ်ယောက်နဲ့ပဲ နေပါအုံးဘာပါလည်းသိမ့်မကြားရပါလား

တံခါးနောက်တွက်နားထောင်နေလျက် မကြားရသည်မို့ဟိုရွေ့ဒီရွေ့နှင့်လုပ်နေသောမြရင်တစ်ယောက် ထိုချိန်တွင်

‌“မြရင်ရေ မြရင်‌”

ဒေါ်လေးမှခေါ်သောအသံကြောင့် ခင်သက်မွန် ဖုန်းကိုအမြန်ချကာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အထဲသို့ပြန် ဝင်လာကာလေသည်။

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now