အဲနေ့ညကကျွန်မအိပ်မပျော်ခဲ့ပါဘူး မဖြစ်နိုင်ဘူးလို့ထင်တာထက် မောင့်ကိုကျွန်မအများကြီးယုံကြည်ထားခဲ့တယ် လောကကြီးမှာ ဒီလိုလှည့်ကွက်လှလှ လေးတွေလည်းရှိနေသေးတာပါလား။
“အသက်..အသက်"
ကန်တင်းဘက်၏ထိုင်ခုံ တစ်နေရာတွင်ထိုင်နေသော ကျွန်မသည် အတွေးများနှင့် ငေးငိုက်နေချိန်တွင် မောင်ကရုတ်တရက် ရောက်လာပြီးခေါ်နေသည်ကို မကြားမိပေ။
မောင်ကစိတ်မရှည်၍ ကျွန်မ ပုံခုံးကို ကိုင်ကာ“အသက် အသက် ဘာဖြစ်နေတာလည်း မောင့်ကိုကြည့်ပါအုံး"
ဆိုကာမှသာ ကျွန်မ သတိရမိသည်။
မျက်ဝန်းအိမ်ကျယ်တို့တွင် မျက်ရည်စများ နှင့် အတွေးတွေများ
“ဟင် အသက် အသက် ဘာလို့ငိုနေတာလဲ ဘာဖြစ်တာလဲ မောင့်ကိုပြောပါအုံး”
မောင့်ရဲ့စိတ်ပူသော အသံ မောင့်ရဲ့ ပုံစံတို့ကိုကြည့်လျှင် အရင်ကနဲ့အတော်လေးကို ပြောင်းလည်နေသည်။
“မငိုပါဘူး မောင် ရယ် မျက်လုံးထဲ အကောင်ဝင်သွားတာဖြစ်မယ် အသက် မငိုပါဘူး”
“ဟောညာပြန်ပြီ ပေါ်တင်ကြီးကိုနော်"
“တကယ်ပါ မောင်ရယ်"
“ဟုတ်ပါပြီ အသက်ရယ်”
“အာ...ပြောဖို့မေ့နေတာ မောင်လေချိန်းထားတာတစ်ခုရှိလို့ အဲတာ မောင်သွားမှဖြစ်မှာ”
“ဟင် မောင် ရုတ်တရက်ကြီးပါလား"
"အာ မဟုတ်ဘူးအသက်ရဲ့ ဟိုလေအိမ်ကဟုတ်တယ် အမေလေ နေမကောင်းလို့ ဆေးခန်းသွားပြရမှာမို့လေ အဲတာ အဲတာ ဆရာဝန်နဲ့ ချိန်းထားလို့အသက်"
"ဟင်မောင် အမေဘာဖြစ်တာလဲ အရမ်းစိုးရိမ်ရလားမောင်"
"အဲလိုကြီးလည်းမဟုတ်ပါဘူးအသက်ရယ်"
"မောင် အသက် ကိုလည်းမပြောဘူးနော် ဒီကြားထဲမှာဖြစ်တာလားမောင်"
"မပြောဖြစ်မိတာပါအသက်ရယ် မပြောဖြစ်တာထက် မပြောတာကောင်းမယ်ဆိုပြီး စဉ်းစားမိလို့"
"ဘာလို့လည်းမောင်ရယ် အသက်က သူစိမ်းမှမဟုတ်တာ"
"အဲလိုပြောလို့ အသက် စိတ်မကောင်းမဖြစ်ပါနဲ့ မောင်က မောင့်အတွက်နဲ့ အသက် ကိုပါ စိတ်မပူစေချင်လို့ပါ"
YOU ARE READING
//လွန်တာပေါ့မောင်ရာ// (On going)
Romance~~~ဝဲတက်လာတော့ မျက်ရည်များနဲ့ အသံဝဲဝဲတို့မှာ ဆုံးရူံးရမှာကို ကြောက်နေတဲ့ ကျွန်မ အသံတွေ ကျွန်မ မျက်ရည်တွေကို မောင်က ဂရုမစိုက်~~