Part 14

574 22 2
                                    

ပြောပြောဆိုဆို နဲ့ မရောက်တာတောင်ကြာတဲ့ ကလေးမ တောင် ဒီအရွယ်ရောက်နေပြီကို

လက်ပြရမ်းကာ လှမ်းခေါ်နေသည့် သင်္ချိုင်းစောင့်က အဘိုးလေးချို

“သမီး”

“အဘ နေကောင်းတယ်မလား”

“ကောင်းပါ့ ကောင်းပါ့ အော် ဒီတစ်ခေါက်က ဧည့်သည်တွေနဲ့ပါလား”

“ဟုတ်တယ် အဘ သမီးသူငယ်ချင်းပါ”

“ဟိုတစ်ယောက်ကကောဘယ်သူပါလဲ”

ကားနောက်ကနေချောင်းနေသည့် ဒေါ်မြရင် ကို မြင်ကာ အဘ မေးလိုက်လေသည်

‌“ရှင်”

ဟုဆိုကာ အနောက်သို့လှမ်းကြည့်ကာ မည်သူတစ်ဦးတစ်ယောက်မှမတွေ့ရ နှစ်ယောက်သား ကြောင်ကြည့်နေကြသည်

“မရှိပါဘူး အဘ ရယ် သမီးတို့နှစ်ယောက်ပဲလေ အဘရဲ့”

“ဟေ ဟုတ်ပါသလား....
အေ...... အဘ လည်းအသက်ကြီးပြီဆိုတော့ သိတဲ့အတိုင်းပဲလေ”
ဆိုကာ ခေါင်းကို ကုတ်၍ အိမ်ထဲဝင်ရန်အသင့်

“လာလာ သမီးတို့ အိမ်ထဲဝင်ကြအုံးလေ”

“ဟုတ်ကဲ့”

နှစ်ယောက်သားအိမ်ထဲသို့ ဝင်သွားကြသည်။
နောက်ကနေ ကုတ်ချောင်း ကုတ်ချောင်းနှင့်လိုက်လာသည့် ဒေါ်မြရင် တစ်ယောက်

“အမလေးလေး..လန့်လိုက်တာ မိတော့မလို့ ဟူး.... ‌မြရင် သတိနဲ့နေ့ သတိနဲ့ ”
ဟုရေရွတ်နေရင်း...

“အဘ ဒါဆိုရင် သမီးတို့ အဖေ့အုတ်ဂူဘက်ကို သွားလိုက်ပါအုံးမယ်”

“အေအေဟုတ်ပြီ သမီးတို့ အဘတော့မလိုက်တော့ဘူးကွယ် သမီးတို့ပဲသွားကြတော့နော် ရတယ်မဟုတ်လား ဒီတစ်ခါက အဖော်လည်းပါနေတာပဲဆိုတော့ကွာ”

“ဟုတ် အဘ ရပါတယ် အဘလည်း ကျန်းမာရေးဂရုစိုက်အုံးနော်. သမီးတို့ဒါဆိုသွားခွင့်ပြုပါ”

“အေအေ မုန့်တွေအတွက်လည်းကျေးဇူးပါသမီးတို့ ဒီထက်ပို လှူနိုင်ပါစေကွယ်”

“ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေအဘ”

မြရင်တစ်ယောက် နေရာရှာမရ၍ ဟိုပြေးဒီပြေးနှင့် ပြာယာခတ်နေသည်

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now