Part 16

439 23 0
                                    

မန္တလေးမြို့ရဲ့တက္ကသိုလ်‌ ကျောင်းတော်ဟာ သိပ်ကိုလှပနေတဲ့အခိုက်တန့် ကျောင်းကြီး ဖွင့်ချိန်မို့ဆယ်ကျော်သက် လူငယ်များ လှုပ်လှုပ်ရွရွ နှင့် အပြေးလွှား သွားနေကြသည့် ကန်တင်း ဘက် သို့ တစ်စု အတန်းထဲသို့ တစ်စု နှင့် နေရာစီစီ လှပနေတဲ့ အချိန်လေးဖြစ်နေကြတယ်

"ဟျောင့်....ယွန်းဝတီ"

အနောက်ကနေလှမ်းခေါ်လိုက်သည့် ခွန်သော်တာရဲ့ အသံကြောင့်လှည့်ကြည့်လိုက်သည်။

"‌အမယ့် ငါ့သားကြီးက အစောကြီး ကျောင်းကို ရောက်နေတယ်ပေါ့လေ"

"ဆိုပါတော့...."

ခွန်သော်တာ မျက်လုံးက ‌ဟိုကြည့်ဒီကြည့်နှင့်....

ယွန်းဝတီ စိတ်မရှည်၍

"ဟေ့ကောင် ဘာရှာနေတာလဲ"

"မင်း ကောင်မလေးကောမပါဘူးလားလို့"

"အော်...မင်းက ငါ့အသက် ကို လာကြောင်ချင်နေတာပေါ့လေ ဟုတ်လား"

"မဟုတ်တာ သူငယ်ချင်းရာ"

"အေပါနော် ငါသိပ်မပြောချင်ဘူး‌ "

"မလာဘူးလား သူက"

"မဟုတ်ဘူးဟာ ဒီလိုဖြစ်တာ ငါပြောပြမယ် အရင်ဆုံး ကန်တင်း ဘက် သွားရအောင်"

"‌အိုကေလေ"

ဆိုကာ ကန်တင်း ဘက်သို့ ဆိုင်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။

"စဉ်းစားကြည့် ငါခုတလော ငါ့ကိုယ့်ငါလဲ ဘာဖြစ်နေမှန်းငါမသိတော့ဘူး စိတ်တွေကလေ အရင်ကနဲ့မတူတော့ဘူးဟာ ဘယ်လိုဆိုတာ မပြောတက်တော့ဘူး"

"အွန်...မင်းကိုကြည့်ရတာ တစ်ခုခုပဲ ငါလည်း ရိပ်မိနေသလိုလိုပဲ အရင်က‌နဲ့တော့မတူတာသေချာ"

"အဲတာပြောတာ ငါလေ မေ့ပဲမေ့နေလာတယ်ကွယ် ခုလည်းကြည့် ငါ အသက်နဲ့ကျောင်းကိုလာရင် သူနဲ့အတူလာတာ ခု ငါ့မေ့သွားတာဟာ"

//လွန်တာပေါ့မောင်ရာ// (On going)Where stories live. Discover now