part1

70.3K 574 3
                                    

Unicode

နွေရာသီသင်တန်းတစ်ခုတွင် ဦးလင်းသွေးညို လုပ်အားပေးဆင်းနေလျက်ရှိသည်။ သင်တန်း၏ပိုင်ရှင်မှာ သူ၏သူငယ်ချင်းဖြစ်တဲ့ ပရော်ဖက်ဆာ ဦးနေကောင်းမြတ်ဖြစ်ပြီး ယခုလအတွက် သူ့အား အကူအညီတောင်းထားခြင်း ဖြစ်ပေသည်။

"ဒါတွေအားလုံးကို သေချာလေ့လာပြီးအဖြေရေးထားကြနော် တစ်ယောက်နဲ့တစ်ယောက် အကူအညီတောင်းပြီး ဆွေးနွေးလို့ရပေမယ့် တစ်ဖက်လူကိုတော့ မနှောင့်ယှက်မိစေနဲ့"

သူကိုယ်တိုင်ပြုစုထားတဲ့ စာတမ်းများကို သင်တန်းသားများအား ဝေမျှပြီးနောက် အတန်းပြင်ထွက်လာခဲ့သည်။

Ring! Ring! Ring!

အခန်းပြင်ရောက်ရောက်ချင်း ထွက်လာတဲ့ဖုန်းသံကြောင့် လင်းသွေးညိုကြည့်လိုက်တော့ နယ်မြို့က သူ့အမေဖြစ်နေလေ၏။

"ဟယ်လို မေမေ"

"အေး.....သား မေမေပြောစရာရှိလို့"

သူဖုန်းကိုင်လိုက်သည်နှင့် သူ့အမေပြောလာခဲ့သည်။

"ဘာများလဲ"

"လင်းခလေးရဲ့ အကြောင်းပါ"

သူ့အသားအကြောင်းဆိုသည်နှင့် လင်းသွေးညိုနားရွက်က ထောင်လာခဲ့သည်။

သူ့ရဲ့ တစ်ဦးတည်းသော သားဦးလေး....။ အနေမနီးပေမယ့်လို့ သူ့သားကိုတော့ သူတအားချစ်သည်။

"သားကဘာဖြစ်လို့လဲ မေမေ..... ပြဿနာတွေ ဘာတွေများဖြစ်....."

"မဟုတ်ဘူး မဟုတ်ဘူး..... အဲ့တာနဲ့ပတ်သက်လို့ စိတ်မပူနဲ့"

ထိုအခါမှသာ သွေးညိုစိတ်အေးရသည်။

"ဒါဆို....."

"အဲ့ကလေးက မပြောမဆိုနဲ့ ဗြုန်းဒိုင်းဆိုသလို အိမ်ကနေ မနက်ကထွက်သွားခဲ့လေရဲ့....... မေမေတို့လည်း စိတ်ပူလို့ဖုန်းလိုက်ဆက်ရာက ခုနလေတင်အကြောင်းပြန်လာတယ်..... သားနဲ့သွားနေဖို့ ထွက်လာတာ မြို့ကိုတောင်ရောက်တော့မှာတဲ့"

"ဗျာ......"

တွန့်နေတဲ့ သွေးညိုမျက်ခုံးနက်တွေက နောက်ပိုင်းကစာသားများကို ကြားကြားရချင်း ပြေလျော့သွားခဲ့လေသည်။ သူ့အမေကတော့ တဗျစ်တောက်တောက်ပြောနေဆဲ။

Hor*y B*tch (completed)Where stories live. Discover now