Unicode
"မင်း ငါ့ကောင်မလေးနဲ့ ဝေးဝေးနဲ့တာကောင်းမယ်နော် ငါကောင်မလေးနဲ့ဘာလို့ လာပတ်သက်နေတာလဲ?
"ဟ!
"ငါကလိုက်ပတ်သက်တာလား?မင်းကောင်မလေးကပတ်သက်တာလား?
အရင်စုံစမ်းဦး""ဘာလဲ?ဒီကျောင်းကqueen ကိုငါရထားလို့မနာလိုတာလား?
"ဟ?ငါလိုချင်ရင် ပေါတယ် ကြိုက်တဲ့သူလက်ညိုးထိုးလိုက်တာနဲ့ ဘယ်သူမှမလွဲဘူး ငါစီအကုန်လာမှာ"
"ပြသာနာမရှာဘဲ အေးဆေးနေ ရန်မချင်ဖြစ်ဘူး မင်းကောင်မလးကိုလဲ ငါစိတ်ထဲမှာကိုမရှိတာ စိတ်ချ!မင်းကောင်မလေး မင်းကိုထားပြီး ငါ့စီလာမှတွေးကြောက်မနေနဲ့"
"မင်းးးစွာနေတာပေါ့
"ငါ ရန်မချင်ဖြစ်ဘူး ဒိုးပြီ
ထွက်သွားဖို့ခြေလှမ်း,လှမ်းနေတဲ့ ကောင်လေးကို နောက်ကျောကနေဆွဲပြီး မျက်နှာကို ထိုးလိုက်ပါတော့တယ်
"မင်းငါ့ကိုထိုးတယ်ပေါ့
"အေး..ဘာဖြစ်ချင်လဲ?
"ရတယ်!
တယောက်နဲ့တယောက်အချင်းချင်းထိုးကြိတ်နေကြပါတော့တယ်
"ဟေးးး မင်းတို့ရပ်!
လူတယောက်အော်သံကြားတာနဲ့ပြသာနာရှာတဲ့လူဆိုးကောင်လေးတသိုက်ကထွက်ပြေးသွားပါတော့တယ် တယောက်သောကောင်လေးကတော့မြေကြီးပေါ်မှာ ထိုင်လျက် ပါးမှာလဲသွေးတွေနဲ့ပေါ့ ဒီလူအော်သံကြားတာနဲ့ထွက်ပြေးသွားတယ်ဆိုတော့ ထိုသူက ဆရာ(သို့မဟုတ်)စီနီယာ
တယောက် ဖြစ်လောက်တယ်"မင်းအဆင်ပြေလား
"ရတယ် ကျွန်တော် အဆင်ပြေတယ်
ကောင်လေးကိုထနိုင်အောင်ဆွဲထူပေးလိုက်ပါတယ်
"win......
"အဆင်ပြေလား ဟိုအဖွဲ့ဘဲမလား ပါးမှာလဲ သွေးတွေနဲ့ အဲ့ကောင်တွေ တွေ့မယ်
"ငါဘာမှမဖြစ်ဘူး ငကြောက်တွေပါကွာ ငါတယောက်ထဲမလို့ သက်သက် ပြသာနာလာရှာတာ
ဘေးမှာရပ်နေတဲ့လူကိုတောင် သတိမထားမိတော့ဘဲ သူ့ သူငယ်ချင်းတွေ စိတ်ပူနေကြတဲ့ ကောင်လေး နှစ်ယောက်
YOU ARE READING
Only love
Romance"အချစ်"ဆိုတဲ့ခံစားချက်ကို ဒီကောင်လေးကြောင့် ခံစားချက်တတ်လာတယ် သူ့ရဲ့ကလေးဆန်ဆန်အမူအရာ မဟုတ်ရင်မခံတဲ့စိတ်လေး ဒေါသထွက်နေရင်တောင်ချစ်စရာကောင်းတယ် သူရဲ့အမူအရာလေးတွေအားလုံးကိုမြတ်နိုးတယ် ချစ်တယ် ဒီကောင်လေးကိုပိုင်ဆိုင်ချင်တယ်"