Part-5

134 13 0
                                    

Unicode

"အိုးးးးဘာလို့ ကားက အဲ့လောက် ခုန်နေရတာလဲကွာ?ငါ့ နဖူး ကွဲများကွဲသွားပြီလားမသိဘူး နာလိုက်တာ"

လမ်းကကြမ်းတော့ ကားက ခုန်နေခြင်းပင်။မှန်တံခါးကိုခေါင်းမှီပြီးအိပ်နေတာကြောင့် ကားကခုန်တော့ နဖူးနဲ့မှန်တံခါးနဲ့ဆောင့်မိသွားခြင်းပင်။ဒါကြောင့် အိပ်ချင်မူးတူးလေး ထ၍ရေရွတ်နေသည့်ကောင်လေး။

"မမှီတော့ဘူး ထပ်မှီ ရင် ငါ့နဖူးပေါက်တော့မယ်"

နဖူးလေးကိုပွတ်ပြီး နှုတ်ခမ်းလေးဆူထွက်ကာ ပြောနေသည့်ထိုကောင်လေး။

"မင်းဘာဖြစ်ပြန်ပြီလဲ?"

"ကားကခုန်တော့ နဖူးနဲ့မှန်တံခါးနဲ့ ဆောင့်မိတာ နာတယ်"

"အဲ့ကြောင့် နေရာလဲမလားလို့ မေးသားဘဲ"

"ခွန် နဲ့ နေရာလဲ ပြီးအဲ့ဘက်နေတော့ အိပ်ငိုက်တဲ့ချိန် ကျွန်တော် ပြုတ်ကျသွားမှာပေါ့"

ဘတ်စ်ကားတွေမှာက ဟိုဘက်ဒီဘက်ကိုနှစ်ခုံရှိတယ် အဲ့နှစ်ခုံနှစ်ခုံကြားမှာလဲ လူသွားလမ်းလေးရှိသည်။winကမှန်တံခါးရှိတဲ့ဘက်မှာနေတာကြောင့် အိပ်ငိုက်လျှင် မှန်တံခါးဘက်ကို ခေါင်းရောက်မည်ဖြစ်သည်။ဟိုဘက်ထိုင်ခုံမှာဆိုလျှင် အိပ်ငိုက်လိုက်လျှင် ဘေးကလူသွားလမ်းသို့ပြုတ်ကျသွားမည်ဖြစ်သည်။

"အေး အဲ့ဆိုခန"

"ဘာလုပ်ပြန်ဦးမှာလဲမသိဘူး?"

"ရော့"

"ဒါက?"

"မသိတာလား? မမြင်ဘူးတာလား?ရော့ယူထားလိုက် ဒါလေးနဲ့မှီအိပ်လို့ရတယ်"

"ကျွန်တော့်ကိုပေးတာလား?"

"ဒီခုံမှာ မင်းနဲ့ငါ အပြင်တခြားတယောက်ကို မင်းမြင်လို့လား?"

"ဒါလေးပြောတာကို"

"မင်းပြောတာငါမကြားဘူး ရော့ ယူထားလိုက်"

"thank you"

ဘာမှပြန်မပြောဘဲ ခုံနောက်ကိုသာ မှီပြီး မျက်လုံးမှိတ်သွားသည်။

"ဘာလဲ?ကျေးဇူးတင်နေတာလေ "ရတယ်" ဒါမှမဟုတ် "အေး" အဲ့လောက်တော့ ပြန်ပြောသင့်တယ်မလား ချေလိုက်တာလဲ လွန်ရောဘဲ"

Only loveWhere stories live. Discover now