Unicode
"win ရေ win ထတော့နော် အောက်မှာဧည့်သည်ရောက်နေတယ် "
"ဘယ်သူလဲ?"
"brightလေ"
"ဟမ်? သူက ဘာလာလုပ်တာလဲ ဒေါ်လေး ဒီနေ့ ပိတ်ရက်လေ အိပ်ချင်သေးတယ်လို့"
"သူက မင်းဆင်းမလာရင်သူတက်လာမယ်တဲ့"
"မသိဘူး ဒေါ်လေး အိပ်ချင်တယ် သူ့ကိုပြန်ခိုင်းလိုက်"
"ဟုတ်ပြီ ဟုတ်ပြီ ဒေါ်လေး ပြောလိုက်မယ်နော်"
"အဲ့လူကဘာလာလုပ်တာလဲကွာ အိပ်ချင်ပါတယ်ဆို "
တစ်ယောက်ထဲပွစိပွစိပြောနေတာကလေးလေးအတိုင်းပါဘဲ။
ဒေါက် ဒေါက်!
"ဒေါ်လေး အိပ်မလို့ပါဆို ဘာလာလုပ်ပြန်ပြီလား"
"မင်းတံခါးဖွင့်မလား?ငါ အခန်းထဲဝင်လာခဲ့ရမလား?"
"ခွန် ဘာလားလုပ်တာလဲ?ဒီနေ့ပိတ်ရက်လေဗျာ"
"ငါနဲ့အပြင်လိုက်ခဲ့ "
"မလိုက်ဘူး"
"အခုတံခါးဖွင့်ပြီး ကိုယ်ဘာသာအေးဆေးထွက်လာမလား?ငါဝင်ခဲ့ရမှာလား? ကြိုက်သာရွေး"
"ဘာမှမရွေးဘူး ခွန် ပြန်တော့ပါဆို အိပ်မလို့"
"အေး ဒါဆိုငါဝင်လာပြီ"
စောင်ကိုတကိုယ်လုံးလုံအောင်ခြုံပလိုက်တော့သည်။
"win "
"ဘာလဲ"
"ထ ငါနဲ့အပြင်လိုက်ခဲ့ပေး"
"မလိုက်ဘူး အိပ်မလို့"
စောင်ထဲကနေပြောနေတာမလို့ စကားသံလေးကမပွင့်တပွင့်။
"ခနလေးဘဲ "
"No မလိုက်ချင်ပါဘူးဆို"
"ဒီကလေးကတော့ ချော့ပြောနေတာကိုမရဘူး"
"ကျွန်တော်က ကလေးမဟုတ်ပါဘူးဆို"
"ဟုတ်လို့လား ငါကတော့ ကလေးလေး လို့ဘဲ မြင်တယ်"
ထို့နောက်စောင်ထဲကနေထွက်လာတဲ့ကောင်လေး ကလေးလေးလို့ပြောလို့ စိတ်ဆိုးသွားပုံရတယ်။စောင်ခြုံထဲကထွက်လာသည့်မလို့ ဆံပင်လေးတွေက ဖွာလန်ကြဲ လို့နေတယ်။
YOU ARE READING
Only love
Romance"အချစ်"ဆိုတဲ့ခံစားချက်ကို ဒီကောင်လေးကြောင့် ခံစားချက်တတ်လာတယ် သူ့ရဲ့ကလေးဆန်ဆန်အမူအရာ မဟုတ်ရင်မခံတဲ့စိတ်လေး ဒေါသထွက်နေရင်တောင်ချစ်စရာကောင်းတယ် သူရဲ့အမူအရာလေးတွေအားလုံးကိုမြတ်နိုးတယ် ချစ်တယ် ဒီကောင်လေးကိုပိုင်ဆိုင်ချင်တယ်"