Part-10

128 12 4
                                    

Unicode

"သခင်ကြီး ကိုတွေ့ချင်လို့ပါတဲ့ ဧည့်သည်ရောက်နေပါတယ်"

"ဟုတ်ပြီ ဒေါ်လေး ခနစောင့်ဖို့ ပြောပေးထားနော်"

"ဟုတ်ကဲ့"

"ကောင်လေးရေ ခနစောင့်ဦးနော် ခနနေ ဆင်းလာခဲ့မယ်တဲ့"

"ဟုတ်ကဲ့ ဒေါ်လေး"

"အဲ့ဆို ဒေါ်လေး လုပ်စရာလေးရှိလို့သွားပြီနော် "

"ဟုကဲ့ခမျ"
......

"မဂ်လာပါ အန်ကယ်"

"bright ဘယ်လိုရောက်လာတာလဲ?"

"အန်ကယ်က နာမည်ကြီးဘဲ အန်ကယ်အိမ်ကရှာရတာ မခက်ပါဘူးဗျာ"

win ပါးက Thai နိုင်ငံ စီးပွားရေးမှာ No.1။ ရှယ်ယာဝင်ချင်တဲ့သူတွေရော company မှာအလုပ်ဝင်ချင်တဲ့သူတွေရောအများကြီး company မှာဆိုရင် သန့်ရှင်းရေးကအစ လစာ က ဘတ်သန်းဆယ်ချီ ရတယ်။ဒီလို company မျိုးမှာ အလုပ်မလုပ်ချင်တဲ့သူ ရှိပါ့မလားနော်။

"ဒါနဲ့ အဖေနဲ့အဖေရော နေကောင်းကြရဲ့လား?"

"ဟုတ်ကဲ့ ကောင်းပါတယ် အဖေက အန်ကယ်ကိုအမြဲမေးနေတာ သူစီအလည်လာခဲ့ပါဦးတဲ့လေ"

"လာချင်တာပေါ့ အန်ကယ်လဲ မအားလို့ပါကွယ်"

win ပါးနဲ့ bright အဖေတို့က ငယ်သူငယ်ချင်းတွေပါ။ငယ်ငယ်ကတည်းကအရမ်းချစ်ကြတာ ညီအကိုတွေလို့ပြောရင်လဲအမှားပါဘူး။အရင်ကbrightအဖေကဘန်ကောက်မှာဘဲ company ထောင်ထားပြီး အလုပ်လုပ်တယ်။အခုတော့ဒီကcompany ကို ချင်းမိုင်မှာဘဲ ပြောင်းရွေ့ဖွင့်လှစ်ထားတယ်။သူတို့ရဲ့ဇာတိမြေဖြစ်တဲ့ ချင်းမိုင်မှာဘဲ ပြောင်းရွေ့နေထိုင်ကြတော့တယ်။

"ဟုတ်ကဲ့ဗျ"

"အော် ဒါနဲ့သားကိုအန်ကယ် သားနဲ့မိတ်ဆက်ပေးရဦးမယ်"

"ဒေါ်လေးခမျ "

"လာပါပြီ သခင်ကြီး"

"အပေါ်ထပ်တက်ပြီး win ကို နိုးပေးပါဦး"

"ဟုတ်ကဲ့ သခင်ကြီး"

"ဒါနဲ့ သားအန်ကယ်ကိုပြောစရာကိစ္စရှိလို့လား?အိမ်ထိလိုက်လာတယ်ဆိုတော့လေ"

"အဖေနဲ့မနေ့ကဖုန်းပြောဖြစ်တော့ အန်ကယ်စီသွားလိုက်ပါဦးဆိုလို့ ပြီးတော့ သူကအန်ကယ်ကိုသတိရနေကြောင်းပြောပေးပါဦးဆိုလို့ ကျွန်တော်လဲ လမ်းကြုံလို့ သတိရတုန်းလေး ဝင်လာလိုက်တာ"
.....

Only loveWhere stories live. Discover now