Part-6

144 15 7
                                    

Unicode

"ဝါးးးတောင်အောက်ခြေက စမ်းချောင်းလေးတွေနဲ့ရော အရမ်းလှတာဘဲ ဒီလောက်လှတဲ့နေရာရှိသေးတာဘဲလေ ဝါးးးရေ လေးတွေကလဲ ကြည် နေတာဘဲ "

တောင်အောက်ခြေသို့ဆင်းလာတာ တောကြီးတခုထဲကိုရောက်နေလေပြီဖြစ်သည်။ကလေးလေး တယောက်လို ဟိုကြည့်ဒီကြည့်နဲ့ ပျော်မြူးနေတော့ တော်တော်ဝေးဝေးဝေးရောက်နေပြီဆိုတာကိုတောင်သတိမထားမိတော့ဘူးထင်ပါရဲ့။အခုအချိန်ကဘညနေ5:30 ဖြစ်တာကြောင့် တော်တော်လေးမှောင်နေပြီဖြစ်သည်။အပျော်လွန်ပြီး ရှောက်ပတ်ကြည့်နေတာကြောင့် ညနေတော်တော်စောင်းနေပြီဆိုတာကိုတောင် သူသတိမထားမိခဲ့။

"နေဦး အခုကဘယ်ကိုရောက်လာပြီလဲ?တောနက်ကြီးထဲမှာဘဲ အိုးးသေပါပြီ ငါလမ်းမမှတ်မိတော့ဘူး အပျော်လွန်ပြီး ရှောက်ပတ်ကြည့်နေတာ တော်တော်တောင်အဝေးကြီးရောက်လာပြီ ထင်တယ်။အိုးးသေပါပြီ 5:30 နေပြီ ထီနဲ့ခင်မ်တော့စိတ်ပူနေတော့မှာဘဲ အိုးးအတွေးတွေများနေပြီ မသိတော့ဘူးကွာ"

ဦးတည်ချက်မဲ့စွာ တောထဲမှာ ရှောက်သွားနေတော့သည်။အချိန်ကအတော်နောက်ကျနေပြီဖြစ်တာကြောင့် အရမ်းလဲမှောင်နေပြီဖြစ်တယ်။တယောက်ထဲဦးတည်ရာမဲ့ရှောက်သွားနေတော့သည်။

"အိုးးလမ်းလျှောက်လာတာ တော်တော်ကြာ​နေပြီ အခုထိလဲ တောထဲကမထွက်နိုင်သေးဘူး"

လမ်းလျှောက်လာတာကြာပြီဖြစ်တာကြောင့် ခြေထောက်လဲညောင်း,မောလဲမောနေတာ
ကြောင့် သစ်ပင်တစ်ပင်အောက်သို့ သွား၍ ထိုင်ချလိုက်တော့သည်။သစ်ပင်,ပင်စည် ၌ ခေါင်းမှေီချလိုက်ပြီ မျက်လုံးလေးခန မှိတ်ထားလိုက်သည်။
........

"ခင်မ်ရေခင်မ်"

"အေး ပျာတိပျာယာနဲ့ဘာဖြစ်လို့လဲ?"

"win ပျောက်နေတယ် တောင်ပေါ်အနှံ့ရှာပြီးပြီ မတွေ့သေးဘူး အခု6:00 တောင်ထိုးနေပြီ တောင်အောက်များဆင်းသွားတာလားမသိဘူး ငါစိတ်ပူလွန်းလို့ ရူးတော့မှာဘဲ"

"ခင်မ် စိတ်အေးအေး ငါတို့ တောင်ပေါ်မှာ နောက်တခေါက်ထပ်ရှာရအောင် ငါတို့နှစ်ယောက် လူခွဲရှာကြမယ်လေ"

Only loveWhere stories live. Discover now