Part-7

129 15 11
                                    

Unicode

"win ရေ အဆင်ပြေလား"

"ကျွန်တော်သူဘေးမှာထိုင်ချလိုက်ပြီး ပုခုံးလေးကိုဖြေးဖြေးလေးပုတ်ပြီး စကားပြောလိုက်တော့ ချက်ချင်းဘဲကျွန်တော်ကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက််တယ်။ရင်ခုန်သွားတာတော့အမှန်ဘဲ ဒါပေမဲ့ သူကငိုနေတာဆိုတော့ ကျွန်တော့်ရင်ထဲဆစ်ခနဲနာလာတယ်"

"စီနီယာ မားက ကျွန်တော်ကို တယောက်ကို ထားမသွားဘူးမလားဟင်?မား ဘာမှမဖြစ်ဘူးမလား ဟင့်.."

"win စိတ်လျော့ ဘာမှမဖြစ်ဘူးနော်"

"သူကျောလေးကိုဖွဖွလေးပွတ်ပေးပြီ နှစ်သိမ့်ပေးလိုက်တယ် တစ်ကိုယ်လုံး ရေတွေစိုပြီး ခိုက်ခိုက်တုန်နေတာ ကို သတိ ထားမိတော့ ဖက်ထားရာက ဖယ်လိုက်ပြီး အနီးနားက ကျောက်ဂူ သေးသေးလေး တခုထဲသို့ ခေါ်သွားလိုက်တယ်"

"ရော့ မင်းအေးနေပြီမလား?ဒါလေး ဝတ်သွားလိုက် နဲနဲတော့နွေးသွားတာပေါ့"

winကခိုက်ခိုက်တုန်နေတာကြောင့် အပေါ်ဝတ် ဂျင်းအက်ျီ လက်ရှည်လေးကို ချွတ်ပြီးဝတ်ပေးလိုက်တယ်။

"မိုးကသဲနေတုန်းဘဲ တောင်ပေါ်ပြန်တက်လို့ရမှာမဟုတ်ဘူး"

​ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကောင်လေးဘေးထိုင်ချလိုက်တယ်။

"ဟေးးမင်းအဆင်ပြေလား?"

"ပြေ...ပြေပါတယ် "

စကားသံတွေအစတုန်ရီနေခြင်းပင်။

"ထိုကောင်လေးရဲ့နှုတ်ခမ်း နုနု လေးတွေက အခုတော့ ပြာနှမ်းနေပြီ အခုအခြေအနေ တောင်ပေါ်လဲ ပြန်တက်မရဖြစ်တာ။win ကလဲ ခိုက်ခိုက်တုန်နေပြီ။

ထိုချိန်မိုးချိန်းသံကျယ်ကျယ် ထပ်ပေါ်ထွက်လာပြန်တယ်။

"win ကနားတွေကို လက်တွေနဲ့ အုပ်ပြီး "မဟုတ်ဘူး မဟုတ်ဘူး"ဆိုတာဘဲရေရွတ်နေတယ်။ဘာအကြောင်းကြောင်လဲတော့မသိပေမဲ သူ့ကိုဒီလို မြင်ရတာနဲ့တင် ကျွန်တော် နှလုံးသားတခုလုံးအစိတ်စိတ် ကျေမွ နေပြီ"

"win ဒီကြည့် ဘာမှမဖြစ်ဘူးနော် ကိုယ် ရှိတယ်"

ခေါင်းလေးမော့လာပြီး ခေါင်းငြိမ့် လာလိုက်တယ်။

Only loveWhere stories live. Discover now