Unicode
"ကဲ ကလေးတို့လူစုံကြပြီလား?ပစ္စည်းတွေ အကုန်တင်ပြီးရင် ကားထွက်မယ်နော် ခရီးကနည်းနည်းဝေးတော့ဆရာမတို့စောစောထွက်ရအောင်နော် မြန်မြန်လေးပစ္စည်းတွေတင်ကြနော်"
"win win ဘာလို့ရောက်မလာသေးတာလဲကွာ"
"ထီ winရော မလာသေးဘူးလား?"
"အေး ငါမနေ့ကသူတို့ စောစောလာဖို့ပြောထား
ပြီသား အခုလဲ ဖုန်းဆက်နေတာကို မကိုင်ဘူး""မလိုက်ချင်လို့ အိမ်မှာဘာတွေရစ်နေလဲမှ မသိတာ"
"ထီ မင်းကသူတို့ဖုန်းဆက်နေလိုက် ငါပစ္စည်းတွေ တင်ထားလိုက်မယ်"
"အေးအေး"
"win ရေ ဖုန်းကိုင်ပါ"
ထိုအချိန် ကျောင်းဝန်းထဲသို့ဝင်လာသည့်ကားတစီး သေချာပေါက် winရဲ့ကားဘဲပေါ့ ဒီတခါတော့winပါး ကိုယ်တိုင်လိုက်ပို့ခြင်းဖြစ်သည်။ပုံမှန်ဆိုwinကိုဒါရိုက်ဘာဦးလေးကြီးဘဲအပို့အကြိုလုပ်ပေးနေကျ ဒီတခါတော့winပါးကိုယ်တိုင်လိုက်ပို့ခြင်းပင်ဖြစ်သည်။
မျက်နှာကြီးဆူပုတ်ပြီးကားထဲမှ ထွက်လာသည့်ကောင်လေး
"ကလေးငယ် ကောင်းကောင်းပျော်ခဲ့နော်"
"ပါး ကျွန်တော် မလိုက်ချင်ဘူး ပါးနဲ့အတူအိမ်ပြန်လိုက်လို့ရမလားဟင်?"
ထိုကောင်လေး၏အမူအရာလေးက အခုမှမူကြိုစတတ်သည့်ကလေးလေးတယောက်လိုပင်။ကလေးတွေကမူကြိုစစထားချင်အချိန်တွေဆိုရင်တရက် နှစ်ရက် တပတ် လောက်ကတော့ မူကြိုမှာမနေခဲ့ချင်ကြလို့ အိမ်ပြန်လိုက်ဖို့ ဂျစ်ကန်ကန်လုပ်ကြတယ်မဟုတ်လား။
"မရဘူး ဒီထိတောင်ရောက်နေပြီလေ ပါးကလေးကလဲ လိမ္မာပါတယ်နော်"
"win မင်းကွာ ဖုန်းဆက်နေတာကိုမကိုင်ဘူး"
"ထီ ရေ win လေးကို စောင့်ရှောက်ပေးဦးနော်"
"ဟုကဲ့ဦးလေး သေချာစောင့်ရှောက်ပေးပါ့မယ်ဗျ"
"ဒါဆို ဦးလေးအပ်ခဲ့ပြီနော်"
winလေးကိုသေချာစောင့်ရှောက်ဖို့ အပ်ပြီးသာနဲ့ ကားမှန်ချပြီး စက်နိုးကာချက်ချင်း ထွက်သွားတော့သည်။သူသိတယ် သူသာဆက်နေ,နေရင် မလိုက်ချင်ဘူးလို့ သူ့တို့ ဂျစ်ကန်ကန်လုပ်နေဦးမှာ ဒါကြောင့် ချက်ချင်းပင်မောင်းထွက်သွားခြင်းပင်။
YOU ARE READING
Only love
Romance"အချစ်"ဆိုတဲ့ခံစားချက်ကို ဒီကောင်လေးကြောင့် ခံစားချက်တတ်လာတယ် သူ့ရဲ့ကလေးဆန်ဆန်အမူအရာ မဟုတ်ရင်မခံတဲ့စိတ်လေး ဒေါသထွက်နေရင်တောင်ချစ်စရာကောင်းတယ် သူရဲ့အမူအရာလေးတွေအားလုံးကိုမြတ်နိုးတယ် ချစ်တယ် ဒီကောင်လေးကိုပိုင်ဆိုင်ချင်တယ်"