Part 2

59 8 3
                                    

Unicode

"ဘတ်ဟျွန်း မင်းမနေ့က Park Group ကို
သွားတာဘယ်လိုနေလဲ အဆင်ပြေခဲ့လား "
"ပြေတယ် အစ်ကို မင်ဆော့ ရဲ့ မော်ဒယ်ကြေးက
လည်း အများကြီးကို ပေးတာ "
"အင်းပေါ့ တောင်ကိုရီးယား ရဲ့ Top 1 Group
ပဲဒီလောက်တော့ ရှိမှာပေါ့ "
သူတို့သုံးယောက် ဒီနေ့ သူတို့ကို SM Ent က
ပေးထားတဲ့ သီးသန့် အိမ်တစ်လုံးမှာနေနေကြခြင်း
နောက်တော့ တစ်ခုခုသွားစားရအောင်လေဆိုတဲ့
ဂျုံဒယ် ရဲ့အပြောကြောင့် အားလုံး အပြင်ထွက်ဖို့
ပြောနေတုန်း ဘဲလ်တီးသံကြောင့် ဘတ်ဟျွန်း တံခါး
ဖွင့်ပေးလိုက်တယ်
"ချန်းယောလ် မင်းကဒီကိုဘာလာလုပ်တာလဲ "

"Company က ဘတ်ဟျွန်း တို့အတွက် အဝတ်
အစားတွေပို့ခိုင်းလိုက်လို့ပါ "
"ကြော်ငြာရိုက်ရမယ့် နေ့လည်းမရောက်သေးပါဘူး"
"ကျွန်တော့်ကို အထဲအရင်ဝင်ခိုင်းပါလား သယ်ရတာ
လေးနေလို့ "
ဘတ်ဟျွန်း လည်း တံခါးကိုခပ်ကျယ်ကျယ်ဖွင့်ပေး
လိုက်ပြီး အထဲကိုဝင်ခိုင်းလိုက်တယ်
"ဘတ်ဟျွန်း အဲ့တာဘယ်သူလဲ "
"ချန်းယောလ် ပါ Park Group ကလွှတ်လိုက်
တာပါ အားလုံးအတွက် အဝတ်အစားတွေပါ "
"အမ်... မော်ဒယ် က ဘတ်ဟျွန်း ပဲလေ "
"ဟုတ်ပါတယ် Company က သုံးယောက်လုံး
ကို စပွန်ဆာ ပေးတာပါ "
မေးခွန်းတွေမေးနေတဲ့ မင်ဆော့ နဲ့ ဂျုံဒယ် ကို
စိတ်ရှည်လက်ရှည်ပြန်ဖြေပေးနေတဲ့ ချန်းယောလ်
"အင်း ဒါဆိုလည်း ကျေးဇူးပဲ "

"ဒီလိုလုပ်ပါလား ငါတို့က အခုတစ်ခုခုသွားစားကြ
မလို့ အဲ့တာ မင်းပါလိုက်ခဲ့ပါလား "
"ဗျာ အဲ့လိုလုပ်လို့ရတာလား "
"ရတာပေါ့ မင်းကငါတို့အတွက် အဝတ်အစားတွေကို
တောင်လာပို့ပေးတာပဲ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
သူ့အား တရင်းတနှီး မင်ဆော့ နဲ့ ဂျုံဒယ် က စကား
ပြောလာပေမယ့် ဘတ်ဟျွန်း ကတော့တစ်ခွန်းနှစ်ခွန်း
သာပြောတယ်
သူတို့အိမ်ရှေ့ကိုထွက်လာတော့

"မင်းဒီကိုဘာနဲ့လာတာလဲ "
"ကျွန်တော် စကူတာ(ဆိုင်ကယ်) စီးလာတာ "
"ဘတ်ဟျွန်း ငါတို့ ကားတစ်စီးနဲ့ပဲသွားရအောင်မင်း
မောင်းလိုက်တော့ "
ဘတ်ဟျွန်း ကဘာမှမပြောဘဲ ကားကိုမောင်းပြီး
စားသောက်ဆိုင်ကိုထွက်လာတယ်
ကျွမ်းကျင်ပိုင်နိုင်စွာကားမောင်းနေတဲ့ ဘတ်ဟျွန်း ကို
ချန်းယောလ် ဘေးကနေထိုင်ကြည့်နေမိတယ်
အတွဲတွေဖြစ်တဲ့ ဂျုံဒယ် တို့နှစ်ယောက်က နောက်မှာ
အတူထိုင်တာမို့ သူအခုလိုဘေးမှာထိုင်လို့ရတာ
ဆိုလ်း မြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ခုရှေ့
မှာကားရပ်လိုက်တယ်
ဆိုင်ထဲကိုအရင်ဝင်သွားတဲ့ မင်ဆော့ တို့သုံးယောက်

My Dear Crush ????Where stories live. Discover now