Part 7

44 4 0
                                    

Unicode

"ဟုတ်တယ် ငါမင်းကိုသတ်ဖို့ကြိုးစားမိတယ်"
"အခုဘာလို့ ဒီအကြောင်းတွေကို ငါ့ကိုလာပြော
နေတာလဲ "
"ငါ့ကို လွန်ခဲ့တဲ့ လေးရက်က မင်းအစ်ကိုနှစ်ယောက်
လာတွေ့တယ်"
"ငါ့ အစ်ကို တွေဟုတ်လား"
"အင်း "

လွန်ခဲ့သောလေးရက်ခန့်က

"ဆရာ ဆရာ့ကို တွေ့ချင်လို့တဲ့"
"ဘယ်သူတွေလဲ ခေါ်ခဲ့လိုက်"
လူနှစ်ယောက်အခန်းထဲကိုဝင်လာတယ်
"ယန် ဒုံဟို ဆိုတာမင်းလား"
"ဟင် မင်းတို့က Park Group ကမလား"
"မင်းကငါတို့ကိုသိတာပဲ"
"အကြီးဆုံးသခင်လေး နဲ့ ဒုတိယသခင်လေး ကို
ကျွန်တော်ပွဲတစ်ချို့မှာ တွေ့ဖူးပါတယ်"
"ဒါဆို ရှည်ရှည်ဝေးဝေးမပြောတော့ဘူး မင်းငါတို့
ညီလေး ကိုအနိုင်ကျင့်ခဲ့တယ်ဆို"
ဂျုံအင် ကမေးလာတယ်
"ဘယ်သူလဲ ချန်းယောလ် လား"
"အင်း ငါတို့ရဲ့ညီကိုမင်းကသတ်ဖို့တောင်ကြိုးစား
ခဲ့တာပဲ"
လေသံလေးနဲ့ မေးလာသူက ဂျွန်မြောင်

"မဖြစ်နိုင်တာ ချန်းယောလ် ကဘယ်လိုလုပ်ပြီး
သခင်လေး တို့ရဲ့ ညီဖြစ်မှာလဲ"
"အစကတည်းက ချန်းယောလ် ကငါတို့ညီပဲ"
ဒုံဟို တစ်ယောက်ကြားရတဲ့သတင်း ကြောင့်
ကျောက်ရုပ်ဖြစ်သွားတယ်
သူသိတာပေါ့ ပတ်မျိုးနွယ်တွေက သူတို့ရဲ့
အငယ်ဆုံးကို ဘယ်လောက်ထိအလိုလိုက်ကြလဲဆို
တာ အခုသူကထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့တော့
သူ့အတွက် အသက်ရှင်ဖို့လမ်းကိုမမြင်တော့
"မင်း ဆယ်ဟွန်း နဲ့ လုဟန် လာသတိပေးကတည်းက
နားထောင်ခဲ့သင့်တာ"
"တောင်းပန်ပါတယ် အကြီးဆုံးသခင်လေး
ချန်းယောလ် ကို Park Group ကမှန်းမသိလို့ပါ"

"မင်းက လုပ်ပြီးမှ အပြစ်ကိုရှောင်လွဲချင်တာလား"
"မဟုတ်ပါဘူး ဒုတိယသခင်လေး "
"ထားတော့ ငါတို့ အဘိုး ကမင်းအဘိုးနဲ့ရင်းနှီးခဲ့
တာကို ထောက်ပြီး မင်းအသက်ကိုတော့ချမ်းသာ
ပေးလိုက်မယ် ဒါပေမယ့် မင်းတို့ Yan Group ကတော့"
"မလုပ်ပါနဲ့ သခင်လေးတို့ ကျွန်တော် တောင်းပန််ပါတယ် ဒါ ကျွန်တော်နဲ့ပဲဆိုင်တာပါ
ကျွန်တော့်မိသားစုနဲ့မဆိုင်ပါဘူး"
"လူဆိုတာ ကိုယ့်အသားကိုထိ
မှနာတတ်ကြတာမလား "
ယင်းသို့သာပြောပြီး ထွက်သွားကြတဲ့ ပတ်ညီအစ်ကို
တွေ
ကြမ်းပြင်ပေါ်ပုံကျသွားတဲ့ ဒုံဟို

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

My Dear Crush ????Where stories live. Discover now