Part 6

31 6 1
                                    

Unicode

"အစ်ကို ဂျွန်​မြောင် အဘိုးက ဘာတဲ့လဲ"
"အဘိုးက ဘာပြောမယ်ထင်လဲ"
"ဟာ မသိလို့မေးနေပါတယ်ဆိုမှ အစ်ကို ဂျုံအင်
ကလည်း"
"အဘိုးက သူ့မြေးအငယ်ဆုံးလေး သဘောကျတဲ့
သူကိုလက်ခံပေးမယ်တဲ့ ဒါကြောင့် မြန်မြန်သာချစ်သူ
ဖြစ်အောင်လုပ်ပါတဲ့"
"တကယ် "
"အင်း အဘိုး ကအဲ့လိုပြောတယ်"
"ကောင်းလိုက်တာ အဘိုး က
အရမ်းချစ်ဖို့ကောင်းတာပဲ "
"အမယ် ဒင်းလေးကို ကူပြောပေးတဲ့ ကျွန်တော်တို့က
ရော"
"အစ်ကို ဂျွန်​မြောင် နဲ့ အစ်ကို ဂျုံအင် လည်း
ချစ်ဖို့ကောင်းတယ် ကျွန်တော့်အတွက် အကောင်းဆုံးသူတွေပဲ "

ဝမ်းသာစရာသတင်းကြီးကို ကြားလိုက်ရတဲ့
ချန်းယောလ် တစ်ယောက် တစ်နေ့လုံး အလုပ်ကို
ရွှင်လန်းတက်ကြွစွာလုပ်ခဲ့ပါတယ်တဲ့

ညနေရုံဆင်းချိန်တွင်

"ဂျွန်မြောင် ဂျုံအင် မင်းတို့ညီလေးက ဘယ်မှာလဲ "
"ငယ်လေး က ဘတ်ဟျွန်း နဲ့ချိန်းထားလို့ ကျွန်တော်
တို့ကိုအရင်ပြန်နှင့်ပါတဲ့"
"ငယ်လေး ကမြူးထူးပြီးတော့ ကို ပြန်သွားတာ
အဘိုးရဲ့"
"ဟုတ်လား အင်း ဒါဆိုလည်း ပြန်တာပေါ့"
ပတ် ဆူအင် ကသဘောတကျ ပြုံးရင်း မြေးနှစ်ယောက်နဲ့အတူ အိမ်အပြန်လမ်းကို
စခဲ့ပါတယ်

CBX အဖွဲ့ရဲ့သီးသန့် ကွန်ဒို တွင်

"အစ်ကို မင်ဆော့ "
"အော် ချန်းယောလ် ပါလား ဘတ်ဟျွန်း ကို
လာတွေ့တာလား"
"ဟုတ် သူရော"
"ဒါဆိုရင်တော့ မင်းပြန်လိုက်တာကောင်းမယ်ထင်
တယ် သူစိတ်အခြေအနေမကောင်းဘူး"
"ဟုတ်လား ဂျုံဒယ် ဘာဖြစ်လို့လဲ "
ဒါနဲ့ပဲ ဂျုံဒယ် နဲ့ မင်ဆော့ ရဲ့ပြောပြချက်အရ
ဘတ်ဟျွန်း နဲ့ ဟန် ယူဂျင် ဖြစ်ပျက်သမျှ အားလုံး
ကို သူသိသွားတော့တယ်
"အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ဘတ်ဟျွန်း ကိုနှစ်ယောက်က ဂရုစိုက်ပေးပါဦး"
"အင်း "
သူနှုတ်ဆက်ပြီး အိမ်ကိုသာပြန်လာတယ်

Park အိမ်တော်တွင်

"ဟော....ငယ်လေး ပြန်လာပြီလား အစောကြီးပဲ
ရှိသေးတာကို "
"ဟုတ်တယ် အစ်ကို ရိဖန် အဲ့လိုဖြစ်သွားတယ်"
"ငယ်လေး ကိစ္စတစ်ခုခု​ဖြစ်ခဲ့တာလား မျက်နှာလည်း
မကောင်းဘူး"
"ကျွန်တော် ဘတ်ဟျွန်း နဲ့ မတွေ့ဖြစ်ခဲ့ဘူး အစ်ကို
ဂျုံဒယ် "
"ဟုတ်လား ငယ်လေး ဘာဖြစ်လို့လဲ "
"ဒီတိုင်းပဲ အစ်ကို ဂျွန်မြောင် ပြသနာတစ်ချို့ရှိနေလို့"
"ညစာ မစားတော့ဘူးလား"
"ဟင့်အင်း အစ်ကို ထာအို ကျွန်တော် နားချင်ပြီ "
"မြေးငယ်လေး ပင်ပန်းနေရောပေါ့ သွား ညစာစား
မှလာခေါ်လိုက်မယ် "
"ဟုတ် အဘိုး ဟို...ဟိုလေ"
"ပြောလေ မြေးငယ် ဘာပြောချင်လို့လဲ "

My Dear Crush ????Where stories live. Discover now