Part 5

39 9 1
                                    

Unicode

နောက်တစ်နေ့မနက်ခင်းတွင်

အချိန်အားဖြင့် မနက် 8 နာရီ

ပထမဆုံး အလုပ် တတ်ရမည်ကို စိတ်လှုပ်ရှားနေတဲ့
ပတ် အိမ်တော် ရဲ့ အငယ်ဆုံးလေး

"ဝီရိယ ကောင်းလှချည်လား"
"ပထမဆုံးအလုပ်တတ်မယ့်နေ့မှာ နောက်ကျနေလို့
မဖြစ်ဘူးလေ "
"ဟုတ်ပါပြီ အစ်ကိုကြီး လိုက်ပို့ပေးမယ် "
ဒါနဲ့ပဲ ရိဖန် က ညီဖြစ်သူ ချန်းယောလ် ကို Park
Group ရှေ့လိုက်ပို့ပေးခဲ့ပါတယ်
"ကဲ ပထမဆုံး အလုပ်တတ်မယ့်နေ့မှာ အဆင်ပြေပါစေ"
"ကျေးဇူးပါ အစ်ကို ရိဖန် "
^^မင်းလုပ်နိုင်မှာပါ fighting ^^
ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး Company
ထဲကိုဝင်လိုက်တယ်

မန်နေဂျာချုပ် နှစ်ယောက်ရဲ့ လက်အောက်မှာရှိတဲ့
ဌာန ကိုသူသွားလိုက်တယ်
Group တစ်ခုလုံးရဲ့ လုပ်ငန်းခွဲတွေကိုစီမံရတဲ့
ဌာနဖြစ်တာနဲ့အညီ လူတော်တွေချည်းပဲရှိတဲ့နေရာ
ဖြစ်တယ်
ချန်းယောလ် ဌာန ထဲကိုဝင်သွားတော့ အစကသူထင်
တာက သူအစောကြီးရောက်နေမယ်လို့ အခုကျသူ့
ထပ်အရင်ကြိုရောက်နေတဲ့သူတချို့ ကိုတွေ့လိုက်ရ
တော့ အံ့သြသွားတယ်
"မင်းက အသစ် ရောက်လာတဲ့သူလား"
"ဟုတ်ပါတယ် စီနီယာ"
သူရပ်ကြည့်နေတုန်း အနားကိုရောက်လာတဲ့ လူတစ်ယောက်က လာမိတ်ဆက်တယ်
"ငါက ဟာဂျွန်း မင်းကရော"
"ကျွန်တော်က ချန်းယောလ် ပါ "

"မင်းနဲ့ငါကအသက်သိပ်မကွာလောက်ဘူး အဲ့လောက်
ကြီးထိ ယဥ်ကျေးစရာမလိုဘူး"
"ဟုတ်လား "
"ငါက ဒီဌာနမှာအလုပ်လုပ်လာတာ နှစ်နှစ်ရှိပြီမင်း
အကူအညီလိုရင်တောင်းနိုင်တယ်"
"အင်း ကျေးဇူးတင်ပါတယ် "
"ဟာဂျွန်း မင်းအဲ့မှာဘာရပ်လုပ်ပြီးစကားများနေ
တာလဲ ငါခိုင်းထားတာပြီးပြီလား"
"ဟုတ်ပြီးပြီ အဖွဲ့မှုး "
လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ယောက်က
သူ့စားပွဲမှာထိုင်ရင်းလှမ်းအော်တယ်
"သူက ငါတို့ရဲ့ အဖွဲ့မှုး ဒီမှာ အဖွဲ့မှုး နှစ်ယောက်ရှိ
တယ် ခုနကတစ်ယောက်က ဘိုရမ် တဲ့
နောက်တစ်ယောက်က ဂွန်းဝူ"

"နှစ်ယောက်လုံးက စည်းကမ်းကြီးမယ့်ပုံပဲ"
"အင်း သူတို့ကအလုပ်လုပ်တဲ့နေရာမှာတော့တအား
တော်ပြီး မန်နေဂျာချုပ် နှစ်ယောက်အားကိုးရတဲ့သူ
တွေ ကွ ချန်းယောလ် ရ"
"ဟာဂျွန်း "
"ဗျာ လာပြီ အဖွဲ့မှုး "
ဟာဂျွန်း ခမျာ သူနဲ့စကားဆက်မပြောနိုင်ဘဲ အဖွဲ့မှုး
ကခေါ်တာကြောင့် အပြေးသွားရတယ်
"မင်းက လူသစ်လား"
"ခင်မျာ ဟုတ် ဟုတ်ပါတယ် "
"ငါ့နာမည်က ဂျယ်ရှစ် ဒီဌာနရဲ့ ဌာနမှုး ငါက ဒီဌာန
မှာ ရာထူးကအကြီးဆုံးလို့ပြောလို့ရတယ် "
^^Company ကဘာလို့အဲ့လောက်တောင် ရာထူးတွေများရတာလဲ^^
"ဟေ့ မင်းငါပြောတာကိုကြားလား"

My Dear Crush ????Where stories live. Discover now