Part 4

46 6 2
                                    

Unicode

"အဘိုး မေးနေတယ်လေ မြေးငယ် ဘာဖြစ်လာ
တာလဲလို့ "
"ကားနဲ့တိုက်မိလို့ဖြစ်လို့ရှောင်ရင်းလဲတာ"
"ကားနဲ့တိုက်မိမလိုဖြစ်တယ် အခုထ ဆေးရုံကိုသွားကြမယ်"
"အာ..အဘိုး ကျွန်တော်ဘာမှသိပ်မဖြစ်ပါဘူး
ဆေးရုံကိုမသွားချင်ဘူး"
ဆေးရုံကိုဆိုမုန်းတဲ့ ချန်းယောလ် ဟာနေမကောင်းဖြစ်
ရင်တောင် အိမ်မှာပဲပေပြီးနေတတ်တဲ့သူမျိုး
"ဒါဆိုလည်း အိမ်တော်ထိန်း ဂို ပါမောက္ခ ယူ ကို
အိမ်တော်ကိုအခုချက်ချင်းလာခိုင်းလိုက် "
"ဟုတ်ကဲ့ သခင်ကြီး "
ခြစ်ရာတစ်ခုမရှိအောင်ကို ပိုးမွေးသလိုမွေးလာခဲ့ရတဲ့
မြေးဖြစ်သူက အခုလိုထိခိုက်မိလာတော့ ပတ်အိမ်တော်ရဲ့ သခင်ကြီး ကအရမ်း စိတ်ပူနေတာမို့
အိမ်တော်ရှိအလုပ်သမားတွေမှာအမှားသေးသေးလေး
တောင်မလုပ်ရဲ

အချိန်သိပ်မကြာလိုက် ပတ် အိမ်တော်ရဲ့ မိသားစု
ဆရာဝန် ပါမောက္ခယူ ကရောက်လာတယ်
ပြီးတော့ ချန်းယောလ် ရဲ့ဒဏ်ရာတွေကိုသေချာ
ပိုးသတ်ပေးပြီး ဆေးထည့်ပေးတယ်
"ပါမောက္ခ ယူ ဆေးရုံကိုတကယ်မသွားလို့ရောဖြစ်
ရဲ့လား "
"ဖြစ်ပါတယ် သခင်ကြီး ကျွန်တော် ဒဏ်ရာတွေကို
ဆေးသေချာထည့်ပေးခဲ့တယ် အကိုက်အခဲပျောက်
ဆေးလည်းပေးခဲ့မယ် ဒဏ်ရာပိုးဝင်ပြီးမရင်းအောင်
နဲ့ အနာရှိန်ကြောင့်မဖျားအောင်တော့ဂရုစိုက်ပေးပါ"
"နားလည်ပြီ အိမ်တော်ထိန်း ပါမောက္ခ မှာတာတွေကို
သေချာလိုက်မှတ်ထား "
"ဟုတ်ကဲ့ သခင်ကြီး "
"ကျွန်တော်ပြောပါတယ် အဘိုး ဘာမှမဖြစ်ပါဘူးလို့"
"ဒါပေမယ့် ပိုစိတ်ချရအောင်လေ "
"ဟုတ်ပါပြီ ကျွန်တော်ပဲမှားတာပါ"

"ပြန်လာပါပြီ အဘိုး အော်....ပါမောက္ခယူ ပါ
ရောက်နေတာပဲ"
"ဟုတ်ကဲ့ အကြီးဆုံး သခင်လေး နဲ့ ဒုတိယ သခင်လေး "
"အဘိုး နေမကောင်းလို့လား "
"ငါကနေကောင်းတယ် ဒီမှာမင်းတို့ညီ ခိုင်းမိလာလို့"
"ငယ်လေး ကဘာဖြစ်တာလဲ"
"ကျွန်တော်ကားတိုက်မလိုဖြစ်လို့ရှောင်ရင်း ချော်လဲတာ အစ်ကိုကြီး "
"များလား ဆေးရုံ မသွားဘူးလား "
"သိပ်မများပါဘူး အစ်ကိုလတ် ရယ်ဆေးထည့်ပြီး
ပါပြီ သက်သာသွားလိမ့်မယ်"
"ဘာကိုမများတာလဲ ဒူးနဲ့ တံထောင် အပြင် လက်ဖျံ
မှာရောကို"
"ဘာမှမဖြစ်ပါဘူး အဘိုး ရာ "
"ပါမောက္ခယူ ငယ်လေး ကတကယ်ပဲဆေးရုံမသွား
လို့ဖြစ်ရဲ့လား"
"​ရတယ် အကြီးဆုံးသခင်လေး "
"ဒါဖြင့် အခုလိုအိမ်တော်ကိုရောက်လာပေးတဲ့အတွက်
​ကျေးဇူးတင်ပါတယ် "

My Dear Crush ????Where stories live. Discover now