Part 3

55 6 5
                                    

ဆယ်ဟွန်း နဲ့ လုဟန် ထွက်သွားမှ ထိုင်ခုံပေါ်ထိုင်ချ
လိုက်တဲ့ ဒုံဟို
"Boss မနေ့ကထိ ကျွန်တော်တို့နဲ့ပူးပေါင်းမယ်
ပြောထားတဲ့ အဖွဲ့က ဆက်မလုပ်နိုင်တော့ဘူးတဲ့"
"သိပြီ နောက်အဖွဲ့ကိုဆက်သွယ်လိုက်"
"ဘယ်အဖွဲ့ကမှကျွန်တော်တို့နဲ့လက်တွဲမလုပ်နိုင်ဘူး
လို့ပြောပါတယ် "
"ဟာကွာ..တောက်စ် "
ဒါက သေချာပေါက် ဆယ်ဟွန်း တို့ရဲ့လက်ချက်ပဲ
တောင်ကိုရီးယားနိုင်ငံ ရဲ့ Top 3 Oh Group
ရဲ့ တစ်ဦးတည်းသောသား အိုဆယ်ဟွန်း နဲ့
တရုတ်နိုင်ငံရဲ့ Top 4 Xaio Group ရဲ့ သားငယ် ရှောင်းလုဟန် တို့ကသူ့ကိုပညာပြသွားတာ
"အဲ့အလုပ်ကိုဖျက်သိမ်းလိုက် နောက်တစ်မျိုးထပ်
လုပ်ကြမယ် ကြားလား"
"ဟုတ်ကဲ့ Boss "

^^မင်းတို့နှစ်ယောက် ကဒီလိုလား ဘယ်လိုလုပ်မလဲ
လူဆိုတာက မထိနဲ့ဆိုမှပိုပြီးထိချင်ကြတဲ့အမျိုးလေ
ချန်းယောလ် မင်းကောင်းကောင်းဒုက္ခရောက်ဖို့သာ
ပြင်ထား ^^

"ဆယ်ဟွန်း ဘာလို့ ချန်းယောလ် ကသူအနိုင်ကျင့်ခံ
နေရတာကိုသူ့အဘိုး နဲ့ အစ်ကိုတွေ ကိုမပြောတာလဲ"
"ပြသနာပိုကြီးမှာဆိုးလို့နေမှာပေါ့ "
"ဒါပေမယ့် အခုလိုမျိုး ခဏခဏ အနိုင်ကျင့်ခံနေရ
တာကမကောင်းပါဘူး"
"သိတယ် အကယ်၍ ဒုံဟို ဘက်ကထပ်ပြီးလုပ်လာ
ဦးမယ်ဆိုရင်တော့ ကိုယ် အဘိုး ပတ် ကိုပြောပြရ
လိမ့်မယ် လုဟန် "
"ကောင်းတယ် အဲ့ကျငါပါလိုက်မယ်သိလား အနိုင်ကျင့်တတ်တဲ့ကောင်တွေဆို မုန်းတယ်"
"သဘောပဲ ကိုယ်ကလည်း ကိုယ့်အဆင့်ကိုကိုယ်မသိ
တဲ့ကောင်တွေဆို သင်ခန်းစာပေးချင်တာ"
စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ ချစ်သူနှစ်ယောက်
က သူငယ်ချင်း ဖြစ်သူကိုထိရင် ဆယ်ဆလောက်
ပြန်ပြီးနာကျင်စေတတ်တာမျိုး

တစ်ရက်ခန့်ကြာပြီးနောက်

"မောနင်း အစ်ကိုကြီး အစ်ကိုလတ် "
"ဟမ် ငယ်လေး မင်းအစောကြီးနိုးနေတာလား "
"ဟုတ်တယ် အစ်ကိုကြီး တို့အတွက်မနက်စာပြင်ထား
တယ် အဲ့တာစားလိုက်ကြဦး "
"ပင်ပန်းအောင်လို့ အလုပ်သမားတွေလည်းရှိနေတာ
ကို ငယ်လေး ရာ "
"အစ်ကိုလတ် ကလည်း ကျွန်တော်က စားစေချင်လို့
စေတနာနဲ့ လုပ်ပေးတာလေ"
"ဟုတ်ပါပြီ ကောင်းကောင်းစားပါ့မယ်"
ဂျွန်မြောင် နဲ့ ဂျုံအင် က ထမင်းဟင်းကောင်းကောင်း
မချက်တတ်ဘူးဆိုပေမယ့် ချန်းယောလ် ကတော့
အမေ ရဲ့အမွေကိုဆက်ခံတယ်ထင်တယ် ဘာအစား
အသောက်မဆို ကောင်းကောင်းချက်တတ်နေတာ
"ငယ်လေး ကရောမစားတော့ဘူးလား "

My Dear Crush ????Where stories live. Discover now