Part 1

139 8 0
                                    

Unicode

တောင်ကိုရီးယား နိုင်ငံ၏ Top 1 Group ဖြစ်တဲ့
Park Group ၏ အိမ်တော်တွင်

"မောနင်း အစ်ကို ဂျွန်မြောင် "
"အင်း မင်းဒီနေ့စက်ရုံကိုသွားစစ်​မှာဆို "
"ဟုတ်တယ် တစ်ခါမှကိုယ်တိုင်သွားမစစ်ဘူးတော့
အဲ့တာသွားစစ်ကြည့်မလို့"
"ကောင်းတယ် ဂျုံအင် ဒါမှဝန်ထမ်းတွေအတွက်ဘာ
လိုအပ်နေတာဆိုတာကိုသိမှာ "
"အဲ့တာကြောင့်သွားစစ်​ဆေးကြည့်မှာ"
"ငါ့မြေးတွေမနက်စာစားရင်းနဲ့ကိုအလုပ်အကြောင်း
တိုင်ပင်နေကြတာပါလား "
ထမင်းစားခန်း ထဲကိုဝင်လာသူက Park Group
ဥက္ကဌကြီး ပတ်ဆူအင်
"အဘိုး "
"ထိုင်ထိုင် စားစရာရှိတာဆက်စားပါ "

"ငယ်လေး ရောမနိုးသေးဘူးလား "
"မင်းညီလေးက ဒီချိန်ဘယ်တုန်းကအိပ်ရာထလို့လဲ"
ဂျွန်မြောင် ရဲ့အမေးကို ပြန်ဖြေတဲ့ ဥက္ကဌကြီး က
ဆူငေါက်တာမျိုးမဟုတ်ဘဲ ပြုံးနေတယ်
"အာ..အဘိုး ပြောမှကျွန်တော်ကအိပ်ပုတ်ကြီးတဲ့သူ
ဖြစ်နေပြီ မောနင်း အစ်ကိုကြီး နဲ့ အစ်ကိုလတ် "
နောက်ထပ်ဝင်လာတဲ့ကောင်လေးက ပတ်ချန်းယောလ် လို့ခေါ်တဲ့ ပတ်မျိုးနွယ် တွေရဲ့
အငယ်ဆုံးလေး
"ဒီကောင်လေး ဒီမှာအဘိုးတစ်ယောက်လုံးထိုင်နေ
တာကို အရင်နှုတ်မဆက်ဘဲ အစ်ကိုတွေကို နှုတ်ဆက်ရသလား"
"အဘိုး ကသားကိုအိပ်ပုတ်ကြီးတယ်ပြောလို့စိတ်
ဆိုးနေတယ် စကားမပြောဘူး "

"အေးပါ ဒီကအဘိုကြီးပဲ မှားတာပါ"
"ငယ်လေး ဒီနေ့အိမ်မှာပဲနေမှာလား "
"ဟင့်အင်း အစ်ကိုလတ် ကျွန်တော် ဆယ်ဟွန်း တို့နဲ့
ချိန်းထားတယ် "
"ဒါဆို လည်း ဆိုင်ကယ်ကို သေချာစီးနော် "
"ဟုတ်ကဲ့ "
မနက်စာစားပြီး တော့ကိုယ်စီအိမ်ကနေထွက်သွား
ကြတဲ့ညီအစ်ကိုတွေ
ပတ် ဂျွန်မြောင် အကြီးဆုံး ပတ် ဂျုံအင် အလတ်
Park Group ၏ များစွာသော Company
တွေကိုစီမံခန့်ခွဲနေကြတဲ့ သူတွေ
အငယ်ဆုံး ပတ်ချန်းယောလ် ကတော့ဘာအလုပ်မှ
မလုပ်ဘဲ အိမ်မှာအားနေတဲ့တစ်ဦးတည်းသောသူ
Dream Cafe ဆိုတဲ့ကော်ဖီဆိုင်လေးထဲမှာ
ထိုင်နေကြတဲ့ လူငယ်လေးသုံးယောက်

"ဆိုတော့ မင်းတို့ Ro တာထိုင်ကြည့်ဖို့ငါ့ကိုခေါ်
တဲ့သဘောလား "
ရောက်ကတည်းက ဘာစကားမှမပြောဘဲ ချစ်ကြည်နူးနေတဲ့ ရှောင်းလုဟန် နဲ့ အိုဆယ်ဟွန်း
ကို ​အမြင်ကပ်ကပ်နဲ့မေးလိုက်ခြင်း
"ငါတို့ ဒီနေ့ Date လုပ်ကြမလို့ကွ"
"​အော်...ငါက အဲ့တော့ ဘာလုပ်ပေးရမှာလဲ "
"ငါတို့ကမင်းပျင်းနေမှာလို့ အကောင်းနဲ့ခေါ်တာကို
ဟုတ်တယ်မလား ဆယ်ဟွန်း "
"ဟုတ်တယ် ကိုယ့် လုဟန် လေးမှန်တယ် "
"အေးပါ မင်းတို့ခေတ်ပဲလုပ်ကြပါ "

My Dear Crush ????Where stories live. Discover now