တိုက်တိုက်ဆိုင်ဆိုင် ထီးမယူလာမိတဲ့နေ့မှာမှ ရွာချလာတဲ့မိုးကြောင့် မင်ဟျောင်းကားဂိတ်ရဲ့အမိုးအောက်ကိုပြေးဝင်ရင်း ခပ်တိုးတိုးကျိန်ဆဲမိသည်။
ဒီနေ့ကျမှ အချိန်တွေကပိုကြာနေသလိုခံစားရသည့်အပြင် မိုးကတော်တော်နဲ့မတိတ်တာကြောင့် လူကတော်တော်ဘူနေပြီဖြစ်သည်။
မိုးတိတ်မှာကိုစောင့်နေရင်း အဝါရောင်ဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်က မင်ဟျောင်းရှိရာကားဂိတ်အမိုးအောက်ကိုဝင်လာတာကို တွေ့လိုက်မိတော့ ဘာမှမဆိုင်ဘဲ ဟယ်ချန်းကိုသွားသတိရမိသည်။
သူဆိုးလ်ကိုရောက်ကာစတုန်းက ဟယ်ချန်းနဲ့ဘတ်စ်ကားဂိတ်မှာတစ်ခါတွေ့ဖူးတယ်မဟုတ်ပါလား။ အဲ့တုန်းကလည်းမိုးရွာခဲ့ပြီး ဟယ်ချန်းကအဝါရောင်လေးဝတ်ထားခဲ့တာမဟုတ်ပါလား။
တမင်လုပ်ယူထားခြင်းမျိုးမဟုတ်ဘဲ တိုက်ဆိုင်မှုရှိရှိမရှိရှိ ဟယ်ချန်းကိုပြေးသတိရနေမိတာက နည်းနည်းထူးဆန်းနေတယ်လို့ထင်ရပေမယ့် မင်ဟျောင်းမသိကျိုးနွံသာပြုထားမိသည်။
အဖြူရောင်စာရွက်လေးကို အရောင်တွေခြယ်ပစ်ဖို့ သူ့မှာစိတ်ကူးမရှိပါ။စိတ်ရင်းမှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတဲ့စကားက အတည်ဖြစ်ကြောင်း ဟယ်ချန်းကသက်သေပြလို့နေသည်။
သူ့အကြောင်းတွေးမိနေတုန်း ကားပေါ်ကဆင်းလာတဲ့ဟယ်ချန်းကိုတွေ့လိုက်တော့ မင်ဟျောင်းအံ့ဩစိတ်နဲ့အတူ မျက်နှာမှာအပြုံးကြီးကြီးတစ်ခုဖြစ်ထွန်းလာရသည်။“ ဟယ်ချန်းနီ ”
ကားဂိတ်အမိုးအောက်မှာထီးတစ်လက်နဲ့ အသစ်ဝယ်လာတဲ့ဆေးဗူးတွေနဲ့ ရှုပ်ရှက်ခတ်နေတုန်း ရင်းနှီးတဲ့အသံကိုကြားလိုက်ရတာမို့ ဟယ်ချန်းကိုယ်လေး မတ်ခနဲဖြစ်သွားရသည်။
သူ့အာရုံနဲ့သူဖြစ်နေတာမို့ အီမင်ဟျောင်းကိုသတိမထားမိလိုက်ခြင်း။“ မင်ဟျောင်းရှီ ”
“ ကျွန်တော်ကူညီပေးရမလား ”
“ မဟုတ်တာ ရပါတယ် ”
“ ဒါဆို ကိုယ့်ကိုကူညီပေးပါ ထီးမပါလာလို့ ”
မင်ဟျောင်းမျက်နှာပြောင်ပြောင်နဲ့ပဲ အကူအညီတောင်းဖြစ်သည်။
မတတ်နိုင်ပါ ဒီမိုးကဘယ်အချိန်မှတိတ်မလဲဆိုတာ မသိဘူးနိုင်ဘူးမဟုတ်ပါလား။