မင်ဟျောင်းဆိုးလ်ကိုရောက်တဲ့ပထမဆုံးနေ့
မင်ဟျောင်းကဆိုင်အတွက်လိုအပ်တဲ့သင်တန်းတစ်ခုတတ်ဖို့အတွက် ဆိုးလ်ကိုရောက်နေခြင်း။
ပုံမှန်ဆို သင်တန်းနေရာနဲ့နီးတဲ့ ဟော်တယ်မှာတည်းဖြစ်ပေမယ့်
လနဲ့ချီကြာမယ့်သင်တန်းဖြစ်တာကြောင့် မေမေ့အစ်မ ကြီးကြီးတို့အိမ်မှာနေဖြစ်သွားရသည်။
အားနာမိပေမယ့် ငယ်ငယ်ကတည်းကထိန်းကျောင်းပေးခဲ့သူမို့ အားမနာရန်ဆိုလာသည်မို့ မင်ဟျောင်းမှာမငြင်းသာတော့။
ကြီးကြီးမှာ သားတစ်ယောက်နဲ့သမီးတစ်ယောက်ရှိသည်မို့
သူတို့နဲ့အဆင်ပြေအောင်နေနိုင်ဖို့ကြိုးစားရမှာတစ်ခုပဲလိုသည်။
အဆင်မပြေလဲ ကိစ္စတော့မရှိ။ တစ်သက်လုံးနေမှာမှမဟုတ်ဘဲဟာ။မင်ဟျောင်းကြီးကြီးတို့အိမ်ရောက်တော့ မင်ဟျောင်းထက်အနည်းငယ်ငယ်တဲ့ကောင်လေးက လာကြိုပေးလေသည်။
ကြီးကြီးရဲ့သားငယ် ဂျီဆောင်းဂီပဲဖြစ်ရမယ်လို့တွေးမိပြီး ရည်ရည်မွန်မွန်ပြုံးပြလိုက်ပေမယ့် ထိုကောင်လေးကတော့ မင်ဟျောင်းကိုအဖတ်ပင်မလုပ်လဲ ဘေးခြံထဲသို့ အမည်နာမတစ်ခုကို အော်ခေါ်ရင်းဝင်သွားလေသည်။" ဟယ်ချန်းနီဟျောင်း " တဲ့
ဆိုးလ်ရောက်ရောက်ချင်း ပထမဆုံးကြားဖူးတဲ့အမည်နာမကို မင်ဟျောင်းလုံးဝကိုစိတ်ထဲစွဲစွဲမြဲမြဲမှတ်မိနေမိသည်။အဲ့နောက်ပိုင်း ဟယ်ချန်းဆိုတဲ့တစ်ယောက်ကို မင်ဟျောင်းအမြဲတွေ့နေရသည်။ ခြံထဲမှာ သူတို့အိမ်ရဲ့ဝရံတာမှာ
စသည် စသည်ဖြင့်။တစ်ရက်ကျတော့ သင်တန်းကသူငယ်ချင်းတစ်ယောက်ကိုသွားတွေ့ရန် ဘတ်စ်ကားဂိတ်မှာ ကားစောင့်နေတုန်း သူ့မျက်စိရှေ့ကိုရောက်လာတဲ့ အဝါရောင်လေး
အတိအကျပြောရရင် ဝါလွင်လွင်တီရှပ်လေးဝတ်ထားတဲ့ ဟယ်ချန်းဆိုတဲ့ကောင်ကလေး။
တဖြောက်ဖြောက်ရွာလာတဲ့ မိုးစက်တွေကြား ထိုကောင်လေးကိုမင်ဟျောင်းငေးကြည့်နေမိတာ တမေ့တမော။
ကိုယ့်ကိုယ်ကိုအသိတရားပြန်ကပ်သွားချိန်မှာ ကောင်လေးကဘတ်စ်ကားပေါ်တက်သွားလေပြီ။
သူ့ကိုတစ်ချက်လေးပင်လှည့်မကြည့်သွားခဲ့။
![](https://img.wattpad.com/cover/321198984-288-k623295.jpg)