3

143 12 3
                                    

ဒုံဟျော့နဲ့ ထယ်ယုံးဟျောင်းဆိုင်မှာထိုင်နေတုန်း ဆိုင်ရှေ့ကဖြတ်သွားတဲ့ပုံရိပ်လေးကိုမြင်လိုက်ရတာမို့
မင်ဟျောင်းတမေ့တမောငေးကြည့်မိသည်။
တိုက်တိုင်ဆိုင်ဆိုင် ဆိုင်ထဲဝင်လာတဲ့ကောင်လေးက မင်ဟျောင်းတို့ရှိရာဆီအကြည့်တို့ဝေ့ဝဲလာပြီးမှ မမြင်ချင်ယောင်ဆောင်ကာဟိုဘက်ပြန်လှည့်သွားတာမို့ မင်ဟျောင်းအနည်းငယ်အောင့်သက်သက်ဖြစ်သွားရသည်။

" အသိလား မာ့ခ် "

" အခုကိုယ်နေနေတဲ့အိမ်ရဲ့ဘေးအိမ်ကကောင်လေး "

ဒုံဟျော့ရဲ့အမေးကို မလှမ်းမကမ်းကဝိုင်းမှာထိုင်နေတဲ့ကောင်လေးကိုအကြည့်မလွှဲမိဘဲ မင်ဟျောင်း သာမန်ကာလျှံကာသာပြန်ဖြေလိုက်မိသည်။
တကယ်ဆို မင်ဟျောင်းဒီဆိုင်ကိုရောက်လာနေမိတာ ကောင်လေးကဒီအနီးအနားမှာသင်တန်းတတ်နေတာဆိုတဲ့အသိကြောင့်လို့ပြောလို့ရသည်။
မသိစိတ်ကပြောပြနေသော်ငြား အသိစိတ်ကတော့ငြင်းဆန်နေမိသည်။ ဒီအတိုင်းထယ်ယုံးဟျောင်းရဲ့ဆိုင်မို့လို့ပါတဲ့။

" ချစ်စရာလေးပဲ ကျွန်တော်နဲ့မိတ်ဆက်ပေးပါလား မာ့ခ် "

ကောင်လေးကိုကြည့်ရင်းပြောလာတဲ့ဒုံဟျော့ကြောင့် မင်ဟျောင်းစိတ်ထဲနေရတာအဆင်မပြေတော့။

" အဆင်မပြေလို့လား မာ့ခ် "

" အင်း ကိုယ်ခေါင်းနောက်လာလို့ "

မာ့ခ်တမင်ပြောနေမှန်းသိပေမယ့် ဒုံဟျော့မသိချင်ယောင်ဆောင်ပြီး အပြင်ဘက်ထွက်လာလိုက်သည်။
ဆိုင်ပြင်ရောက်တဲ့အထိ ဆိုင်ထဲကကောင်လေးကို သမင်လည်ပြန်ပြန်ငေးနေတဲ့ မာ့ခ်ကစိတ်တိုစရာကောင်းပေမယ့် ဒုံဟျော့စိတ်လျော့ထားလိုက်ရသည်။
အဆင်ပြန်ပြေကာစမှာ ပြဿနာမဖြစ်ချင်ပါ။
နောက်မှ ထိုကောင်လေးအကြောင်းတိတ်တိတ်လေးစုံစမ်းဖို့ကို တေးမှတ်ထားလိုက်သည်။

ဒုံဟျော့ကိုအိမ်ပြန်ဖို့ကားငှားပေးပြီးနောက် မင်ဟျောင်း ထယ်ယုံးဟျောင်းရဲ့ဆိုင်ကိုပြန်လာခဲ့လိုက်သည်။
ကံတရားကသူ့ဘာပါတယ်ပြောရမလား ကောင်လေးကဆိုင်ထဲမှာရှိနေဆဲ။
ထယ်ယုံးဟျောင်းနဲ့စကားတွေပြောရင်း ရယ်မောနေတဲ့ဟယ်ချန်းပုံရိပ်ကို မျက်နှာချင်းဆိုင်ဘက်ကဆိုင်ကနေထိုင်ကြည့်နေမိသည်။

First Love Story Where stories live. Discover now