တစ်ပတ်လောက်ကြာတော့ ဂျဲနိုပြန်ရောက်လာတာကြောင့်
ဟယ်ချန်းပုံမှန်အတိုင်းပြန်ဖြစ်သွားရသည်။
အချိန်တိုင်းဂျဲနိုနဲ့အတူရှိနေလို့လားပဲမပြောတတ် အီမင်ဟျောင်းအကြောင်းကိုတောင် သူမတွေးဖြစ်။“ ကျွန်တော်မရှိတုန်း ချန်းတစ်ခုခုဖြစ်သွားသေးလား ဟျောင်း ”
ဂိမ်းအတူကစားနေရင်းရုတ်တရက်ထမေးတဲ့ ညီဖြစ်သူကြောင့်ထယ်ယုံးဟင်ခနဲအသံပြုလိုက်မိသည်။
“ ဘာလို့လဲ ”
“ မဟုတ်ပါဘူး ဒီအတိုင်းစိတ်ထဲမတင်မကျဖြစ်နေလို့ ဂျီဆောင်းတို့ကိုမေးတော့လည်း ရေရေရာရာမသိရဘူး
ချန်းကလည်းဘာမှသေချာမပြောပြလို့ ”“ အဲ့အတောအတွင်းတော့ ဟယ်ချန်းနီဆိုင်ကိုလုံးဝရောက်မလာဘူး ယောင်းကတောင်မေးနေသေးတာ ”
ထယ်ယုံးဟျောင်းရဲ့စကားကြောင့် ဂျဲနိုရဲ့သံသယတို့ပိုခိုင်မာလာရသည်။
သူသိတဲ့ချန်းက ပုံမှန်ဆို တစ်ပတ်သုံးခါလောက်တော့ ဒိုယောင်းဟျောင်းကိုသွားရှုပ်ရမှ ပျော်နေတတ်သူဖြစ်သည်။
သုံးလလုံးဒိုယောင်းဟျောင်းဆီကိုတောင် မလာဘူးဆိုတာက ဟုတ်မနေ။“ ဒါနဲ့ ထူးထူးခြားခြား မင်ဟျောင်းကတော့နေ့တိုင်းရောက်လာတယ်သိလား
သူ့သင်တန်းနဲ့ငါတို့ဆိုင်ကအဝေးကြီးကို ”ထယ်ယုံးဟျောင်းစကားကြောင့် ဂျဲနိုမျက်ခုံးတို့တွန့်ချိုးသွားရသည်။
ဟယ်ချန်းကအကြောင်းမဲ့ဆိုင်ကိုမလာမယ့်သူမဟုတ်သလို
အီမင်ဟျောင်းကလည်း အကြောင်းမရှိဘဲ ဆိုင်ကိုလာမယ့်သူမဟုတ်ဘူးမဟုတ်ပါလား။
ဘာကြောင့်မှန်းမသိပေမယ့် အီမင်ဟျောင်းဆိုတဲ့လူကိုစတွေ့ကတည်းက ဂျဲနိုခံစားချက်တွေကောင်းမနေပါ။တစ်ခုခုကိုလုယူခံရတော့မလို ခံစားချက်မျိုးပင်။
.
.
.
သင်တန်းပိတ်တဲ့ရက် ထယ်ယုံးဟျောင်းရဲ့ဆိုင်မှာ ကူပေးနေတုန်း ဟယ်ချန်းက ဒုံဟျော့နဲ့အတူတူ
ဆိုင်ထဲဝင်လာတာမို့ ဂျဲနိုတို့အံ့ဩသွားရသည်။“ ဟျောင်း~~ အမေရိကာ.... ”
“ သေချင်လို့လား ”
ဒိုယောင်းဟျောင်းစကားကြောင့် ရှုံ့မဲ့သွားတဲ့ဟယ်ချန်းမျက်နှာကိုကြည့်ပြီး ဒုံဟျော့သဘောတကျရယ်လိုက်မိသည်။
သေချာပေါင်းကြည့်မှ ဟယ်ချန်းကသဘောကျချင်စရာရပ်ဝန်းလေးဆိုတာကို ဒုံဟျော့သဘောပေါက်မိသည်။
ဆိုင်ထဲဝင်လာတုန်းက အံ့ဩသလိုအကြည့်နှစ်စုံကိုရော ရန်လိုတဲ့အကြည့်တစ်စုံကိုရော သတိထားမိလိုက်တာမို့ တိတ်တိတ်လေးအားကျမိပါသေးသည်။