ဒီနေ့တော့ဟယ်ချန်းကိုသေချာတောင်းပန်ဖို့ဆုံးဖြတ်ထားတာကြောင့် မင်ဟျောင်းအစောကြီးအိမ်မှထွက်လာကာ ဘတ်စ်ကားဂိတ်မှာ ဟယ်ချန်းကိုစောင့်နေမိသည်။
ပုံမှန်သွားနေကျအချိန်ကို တစ်နာရီလောက်ကျော်သွားတဲ့အခါမှ ရောက်လာတဲ့ကားပေါ်တက်ကာ သင်တန်းသို့ထွက်ခဲ့လိုက်သည်။
.
.
.
မင်ဟျောင်း ဟယ်ချန်းကိုမတွေ့မိတာ သုံးလခန့်ရှိနေလေပြီ။
သုံးလအတွင်း ဒုံဟျော့နဲ့ပါမဆက်သွယ်ဖြစ်။
သူကပဲညံ့လွန်းသလား ဟယ်ချန်းကပဲပုန်းတာတော်လွန်းသလား မပြောတတ်
အိမ်ချင်းကပ်နေတာတောင် တစ်ခါလေးမှမတွေ့ရ။နှစ်တစ်နှစ်တာရဲ့နောက်ဆုံးနေ့မို့ ဂျီဆောင်းတို့ခြံမှာ ပါတီလုပ်ဖို့ပြင်ဆင်နေကြသည်။
ပါတီလို့နာမည်တပ်ထားပေမယ့် တကယ်ကရင်းနှီးတဲ့သူငယ်ချင်းတွေ ဂျီဆောင်းတို့အိမ်မှာစုပြီး သောက်ကြစားကြရုံတင်။
ဂျီနူးလ်ဆီက ဟယ်ချန်းပါလာမည်ဟုကြားထားတာကြောင့် မင်ဟျောင်းနည်းနည်းပျော်နေမိသည်။
ဒါပေမယ့် ညမှောင်တဲ့အထိဟယ်ချန်းကရောက်မလာတာကြောင့်
ဂျီနူးလ်ကိုသာကပ်မေးရသည်။“ ဂျီနူးလ်လေး ဟယ်ချန်းနီလာမယ်ဆို ”
“ ဟုတ်ပါရဲ့ ဘာလို့နောက်ကျနေတာလဲမသိဘူး ခဏလေး ပတ်ခ်ဂျီဆောင်းကိုသွားခေါ်ခိုင်းလိုက်မယ် ”
ဂျီဆောင်းဟိုဘက်ခြံကိုဝင်သွားတာကိုမြင်မှ မင်ဟျောင်းသူငယ်ချင်းတွေဆီပြန်လာခဲ့လိုက်သည်။
“ မာ့ခ် ဘယ်သွားနေတာလဲ ”
“ ဂျီနူးလ်နဲ့ခဏစကားသွားပြောတာဟျောင်း ”
မင်ဟျောင်းသောက်နေရင်းနဲ့ ခြံရှေ့ကိုသာလှမ်းကြည့်နေမိသည်။
ခဏလေးကြာမှ ဂျီဆောင်းနောက်မှာ ညအိပ်ဝတ်စုံဝမ်းဆက်လေးဝတ်ထားရင်း ဆူပုတ်ပုတ်လေးပါလာတဲ့ ဟယ်ချန်းကိုကြည့်ပြီး မင်ဟျောင်းပြုံးလိုက်မိသည်။“ ဟယ်ချန်းနီဟျောင်းရောက်လာပါပြီ ”
ပြောပြောဆိုဆိုနဲ့သူ့ဘေးမှာဝင်ထိုင်တဲ့ဂျီဆောင်းကြောင့် မင်ဟျောင်းဟိုဘက်ကိုနည်းနည်းလေးတိုးပေးလိုက်သည်။
ဟယ်ချန်းကတော့ သူနဲ့မျက်နှာချင်းဆိုင်မကျတကျ ဂျီနူးလ်နဲ့ဂျယ်မင်းကြားမှာဝင်ထိုင်တာမို့ မတွေ့ရတာကြာတဲ့မျက်နှာလေးကို မင်ဟျောင်းတခုတ်တရငေးမိသည်။