မင်ဟျောင်း သူနဲ့ကောင်လေးထပ်ပတ်သက်စရာမရှိတော့ဘူးထင်ခဲ့ပေမယ့် ထယ်ယုံးဟျောင်းကျေးဇူးနဲ့ထပ်ပတ်သက်ဖို့ရာဖြစ်လာခဲ့သည်။
သူ့ကောင်လေးနဲ့မိတ်ဆက်ပေးမယ် ခဏလာခဲ့ ဆိုတဲ့ထယ်ယုံးဟျောင်းရဲ့မက်ဆေ့ခ်ျကြောင့် မင်ဟျောင်းသင်တန်းပြီးတော့ အိမ်တန်းမပြန်ဘဲ ထယ်ယုံးရဲ့ဆိုင်ကိုလာခဲ့လိုက်သည်။
ဆိုင်ထဲဝင်ဝင်ချင်း ဟယ်ချန်းကိုမြင်လိုက်ရတာမို့လို့ ခြေလှမ်းတို့တုံ့ဆိုင်းသွားရသည်။
iPodကိုနားမှာတပ်ထားရင်း စိတ်ဝင်တစားပန်းချီဆွဲနေတဲ့ ဟယ်ချန်းကမင်ဟျောင်းကိုသတိထားမိဟန်မရှိ။" မင်ဟျောင်း ငါဒီမှာ "
ထယ်ယုံးဟျောင်းကလက်လှမ်းထောင်ပြမှ ဒီဆိုင်ကိုရောက်လာရတဲ့ကိစ္စကိုပြန်သတိရသွားရသည်။
" What's up Bro "
" ထိုင်ဦး ကော်ဖီယူပေးမယ် "
ကော်ဖီသွားယူပေးနေတဲ့ထယ်ယုံးဟျောင်းကိုစောင့်ရင်း မင်ဟျောင်းမျက်လုံးတွေက ဟယ်ချန်းထိုင်နေတဲ့ဘက်ကိုသာ တစ်ချိန်လုံးကြည့်နေမိသည်။
ပတ်ဝန်းကျင်ကိုမေ့လျော့နေဟန်ရှိတဲ့ဟယ်ချန်းက နှုတ်ခမ်းလေးလှုပ်စိလှုပ်စိဖြင့် သီချင်းလိုက်ညည်းရင်း
ပုံထိုင်ဆွဲနေသည်မှာ တကယ်သဘောကျချင်စရာ။" ငေးလှချည်လား မင်ဟျောင်း သိလို့လား "
" အင်း ဂျီဆောင်းတို့ဘေးအိမ်ကကောင်လေးလေ "
" သဘောကျနေတာလား "
ထယ်ယုံးဟျောင်းရဲ့စကားကြောင့် မင်ဟျောင်းရယ်ပြီး အသာခေါင်းယမ်းမိသည်။
" ကောင်လေးက အေးဆေးငြိမ်သက်လွန်းလို့ သူ့ကိုမြင်ရင်အေးချမ်းတယ်လို့ခံစားရရုံပါ
သဘောကျတယ်လို့ခေါင်းစဉ်တပ်ရလောက်အောင်မဟုတ်ပါဘူး ပြီးတော့ ငါ...ဒုံဟျော့နဲ့ပြန်တွဲနေတာ "သူ့စကားကြောင့် ထယ်ယုံးဟျောင်းမျက်ခုံးတွေတွန့်ချိုးသွားတာကို မင်ဟျောင်းသတိထားမိသည်။ထယ်ယုံးဟျောင်းကသူနဲ့ဒုံဟျော့အကြောင်း အကုန်သိထားသူဖြစ်တာကြောင့် ပြန်တွဲတာကိုသဘောမကျတာ အဆန်းတော့မဟုတ်။
