Description

17.2K 722 20
                                    

Title -Dr. Jiang Is Pregnant With His Nemesis’s Child

Description

သိကြသည့်အတိုင်း ဆေးတက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ကျီဟွားဆေးရုံ၏သားဖွားမီးယပ်ဌာနတွင် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးခြင်းပင် ဆုံ၍မရသော လက်ထောက်ပါရဂူနှစ်ဦးရှိလေသည်။

သူတို့နှစ်ဦး၏ ပထမနှစ်မှသည် ဆေးတက္ကသိုလ်မှဘွဲ့ရသွားချိန်အထိ ထို့နောက် လုပ်ငန်းခွင်လက်တွေ့ဆင်းချိန်မှစ၍ ကျွမ်းကျင်အဆင့်သမားတော်ဖြစ်လာသည်အထိ ကျန်းရှုနှင့်ရှန့်ဖန်းယွီတို့မှာ တစ်ဦးကို တစ်ဦး တိုက်ခိုက်ကာ တားဆီးပိတ်ပင်လာကြသူများဖြစ်သည်။ သူတို့၏အကြောင်းမှာ " မင်းငါ့ကိုမသတ်ရင် ငါမင်းကိုသတ်မယ် " " မင်းစာမေးပွဲမှာ ၉၆မှတ်ရရင် ငါက၉၇မှတ်ရစေရမယ် " စသည်ဖြင့် တစောင်းစေးနှင့်မျက်ချေးကဲ့သို့ မတည့်ကြပေ။

အဆုံး၌ သူတို့မှာ တူညီသောမိန်းကလေးတစ်ဦးထဲကိုပင် သဘောကျမိသွားပြန်သည်။

မည်သူသိနိုင်မည်နည်း သူတို့နှစ်ဦး မတိုက်ခိုက်ကြရသေးချိန်မှာပင် ထိုမိန်းကလေးမှာ သူ့ချစ်သူကောင်မလေး၏လက်ကိုဆွဲကာ အဝတ်ဗီဒိုထဲမှထွက်လာသကဲ့သို့(come out)သူတို့ရှေ့တွင် အမှန်တကယ်ပေါ်လာခဲ့သည်လား။ မိန်းကလေးတစ်ယောက်တည်းကိုသာ တစိုက်မက်မက်လိုက်ခဲ့ကြသော အဖြောင့်နှစ်ကောင်၏သုံးဖက်မြင်ကမ္ဘာမှာ လုံးဝကို ကွဲကြေသွားရလေပြီ။

အချစ်ပြိုင်ဘက်နှစ်ဦးမှာ သူတို့၏ဝမ်းနည်းကြေကွဲမှုကို အရက်နှင့်ဖြေဖျောက်ခဲ့ကြပြီး တစ်နည်းတစ်ဖုံဖြင့် အိပ်ရာထဲ၌ အဆုံးသတ်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းရှု သူ၏ကျိုးလုမတတ်ခါးကိုကိုင်ကာ ထလာခဲ့ရပြီး သူ၏စိတ်မှာ ‌မိနစ်ဝက်မျှပေါက်ကွဲထွက်သွားရကာ အဆုံး၌ မေ့ပစ်လိုက်မည်ဟု ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သုံးလကြာပြီးနောက် ဆီးစစ်ချက်အဖြေလွှာကိုကိုင်ကာ သူ၏ပျောက်ကွယ်နေပြီဖြစ်သောပေါင်မုန့်လုံးများကိုထိ၍ စိတ်ပျက်လက်ပျက်ဖြင့် မှန်သာကြည့်လိုက်မိတော့သည်။

" အားးးးးးးးးး "

Xxxxxx

နောက်တစ်ပုဒ်ပါ 😁😁
တစ်ပတ်တစ်ပိုင်း update ပေးမယ်နော်

[COMPLETED] Dr.ကျန်း (ဘာသာပြန်)Where stories live. Discover now