Extra 5

989 154 1
                                    

🧑‍⚕️Chapter 127

ဌာနသို့ပြန်လာပြီးနောက် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည်ဆေးရုံနှင့်အိမ်အကြား ပြေးလိုက်လွှားလိုက်နှင့် သူတို့၏ပုံမှန်ဘဝကိုပြန်လည်စတင်ခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ရှန့်ဖန်းယွိသည် သူ့အမေထံမှ ဖုန်းလက်ခံရခဲ့သည်။

အမှန်တကယ်မှာ သူ၏ ခွဲစိတ်မှုအောင်မြင်ပြီးသောအခါ  မိဘများနှင့်အစ်ကိုများထံဖုန်းခေါ်ခဲ့ပြီး မီဒီယာအင်တာဗျူးများကိုငြင်းဆန်ရန်အကြိမ်ကြိမ်တိုက်တွန်းမှာကြားခဲ့ကာ နောက်လအနည်းငယ်ထိ သူနှင့်ဆက်သွယ်ခြင်းမပြုရန်ပြောခဲ့သည်။ အစပိုင်းမှာတွင်မူ သူ၏မိဘများသည် ပိုက်ဆံအတွက် အင်တာဗျူးများ လက်ခံမည်ကိုသူစိုးရိမ်ခဲ့သည်။ထို့ကြောင့် ကျန်းချီကို သူတို့အား စောင့်ကြည့်ရန်ပြောခဲ့သည်။သို့သော် ယခင် ပဋိပက္ခများကြောင့် ရှုပ်ထွေးမှုကြီးကြီးမားမား ဖြစ်ခဲ့သည့်အတွက် သူ၏မိဘများသည် ဤတစ်ကြိမ်တွင်မူ သူ့စကားကိုနားထောင်ခဲ့သည်။

ထို့ကြောင့်သူသည် သူ၏မိခင်ထံမှဖုန်းခေါ်ဆိုမှုရသည့်အခါ စကားများစွာမပြောပဲ မိသားစု၀င်များ၏ကျန်းမာရေးကိုသာမေးမြန်းပြီး ဖုန်းချလိုက်တတ်သည်။

အံ့အားသင့်စရာမှာ သူ့အမေသည်သူ၏ချစ်ရသူ နာမည်ကို ထပ်မံဖွင့်ဟလာခဲ့သည်။

“ ဖန်းယွိ…မင်းအဖေနဲ့ငါစဉ်းစားပြီးပြီ… သူဘယ်သူပဲဖြစ်ဖြစ်…ငါတို့သူ့ကိုလက်ခံဖို့တွေးထားတယ်….မင်းဆန္ဒရှိရင် ငါတို့အားလုံးတွေ့ကြရအောင်...”

“ မင်းတွေ့ချင်လား...”

ရှန့်ဖန်းယွိက ကျန်းရွှိအားမေးလိုက်သည်။

ကျန်းရွှိသည် ဂျောက်ဂျက်ရုပ်လေးကို ဆော့နေရင်း ခပ်နောက်နောက်ပြန်မေးလိုက်သည်။

“ ကလေးကိုရော ခေါ်သွားချင်လား....”

“ မင်းဆုံးဖြတ်ပါ ... ငါ ကလေးအကြောင်းမပြောရသေးပါဘူး...”

ကျန်းရွှိကခေါင်းညိတ်ပြီး “ သမီးလေးကိုခေါ်သွားကြစို့...”

တွေ့ဆုံပွဲနေ့တွင် ရှန့်ဖန်းယွိသည်စားသောက်ဆိုင်တစ်ဆိုင်ကို ကြိုတင်ဘွတ်ကင်လုပ်ခဲ့ပြီး သူ၏မိသားစုကိုခေါ်ရန်ရထားဘူတာသို့သွားခဲ့သည်။ ကျန်းရွှိကသမီးလေးနှင့်သီးသန့်အခန်းတွင်စောင့်နေခဲ့သည်။ ရှန့်မိသားစုရောက်လာသောအခါ သူသည်သူမနှင့်အတူ မတ်တပ်ရပ်ကာ လူကြီးနှစ်ဦးကိုနှုတ်ဆက်ခဲ့သည်။ရှန့်စုံတွဲသည် သူ့ကိုတွေ့သောအခါအလွန်အံ့အားသင့်သွားပြီး သူတို့ဘေးမှ ရှန့်ဖန်းယွိအားမေးခဲ့သည်။

[COMPLETED] Dr.ကျန်း (ဘာသာပြန်)Where stories live. Discover now