Chapter 118👨‍⚕️

968 143 1
                                    

🧑‍⚕️Chapter 118

သူ ညအချိန်တွင် အိပ်မပျော်နိုင်သည့်အခါမျိုး…သူ၏ခန္ဓာကိုယ်က မခံမရပ်နိုင်အောင်ပင် နာကျင်မှုဝေဒနာခံစားနေရသည့်အခါမျိုး….ကလေးကန်ခြင်းနှင့် ကလေးကကိုယ်တွင်းတွင် လှုပ်ယမ်းနေသည့်ဒဏ်ကြောင့် အသက်ရှူမဝသည့်အခါမျိုးတွင်ရှန့်ဖန်းယွိက သူ့အား ထိုကဲ့သို့ နှစ်သိမ့်ပေးလိမ့်မည်ဖြစ်သည်။ ကျန်းရွှိ၏နှလုံးသားက တဖြည်းဖြည်းအေးဆေးတည်ငြိမ်လာမည်ဖြစ်သည်။

တစ်စုံတစ်ဦးက သူ၏စိတ်ခံစားမှုကို စဉ်းစားထိန်းချုပ်ပေးနိုင်သည်။

သို့သော် ယနေ့ ရှန့်ဖန်းယွိက  အနည်းငယ်ကွဲပြားခြားနားပုံရသည်။

သူသည် ကျန်းရွှိ၏နဖူးကို သူ၏မေးစေ့နားသို့ကပ်လိုက်သည်။ ခဏအကြာတွင် ကျန်းရွှိသည် သူ၏နဖူးတွင် အနည်းငယ် စိုစွတ်သွားသည်ဟုခံစားခဲ့ရသည်။

သူ၏နှလုံးခုန်နှုန်းက စည်းချက်ပင်မှားကုန်ကာ ရှန့်ဖန်းယွိအားထိရန်လက်လှမ်းလိုက်သော်လည်း ရှန့်ဖန်းယွိက သူ့အား တားလိုက်သည်။

ကျန်းရွှိသည် မှားနေသည့်အရာကိုမြင်ချင်သွားကာ သူ၏လက်ကိုပြန်ရုတ်သိမ်းသွားသည်။ သို့သော် ရှန့်ဖန်းယွိက ကျန်းရွှိအား အနည်းအားသုံး၍ ပွေ့ဖက်ထားခဲ့သည်။

“ မကြည့်ပါနဲ့..”

ရှန့်ဖန်းယွိ၏အသံက အနည်းငယ်အက်ကွဲနေ၏။

“မင်းရဲ့နှလုံးသားထဲက ငါရဲ့ယောက်ျားဆန်တဲ့ ပုံရိပ်ကိုထိန်းသိမ်းထားပါရစေ...”

“ မင်းဘာလို့ငိုနေတာလဲ..”

ကျန်းရွှိ ကမေးသည်။

“ငါငိုနေတယ်လို့ဘယ်သူပြောလဲ…ငါချွေးထွက်နေတာပါ..”

ရှန့်ဖန်းယွိကပြောလာသည်။

“ မင်းစိတ်မသက်မသာ ဖြစ်နေတာကငါ့ရဲ့နှလုံးသားကိုတဆစ်ဆစ်နဲ့ နာကျင်စေတဲ့အကြောင်းကိုတွေးနေတာပါ..."

“ မင်းကိုယ်ဝန်မရှိဘူးလေ… အဲ့တော့ မင်းဘာလို့နာကျင်နေတာလဲ...”

ထိုသို့ပြောနေသော်လည်း ကျန်းရွှိသည်  သူ၏မျက်လုံးများကိုငုံ့ထားကာ သူ၏လက်များကိုလည်း ရှန့်ဖန်းယွိ၏နှလုံးသားအပေါ်တွင် ညင်ညင်သာသာတင်ထားပြီး ဖြေးညင်းစွာနှိပ်နယ်ပေးနေသည်။

[COMPLETED] Dr.ကျန်း (ဘာသာပြန်)Where stories live. Discover now