ကျန်းဟာအိုဘဝမှာ စိတ်ညစ်စရာအကောင်းဆုံး အချိန်ကို ပြောဆိုရင် ဒီအချိန်ပဲ ဖြစ်လိမ့်မည် ...
အမေတို့စီစဉ်ပေးတဲ့ လက်ထပ်ပွဲ ဆိုလို့ လက်ထပ်ရမယ့်သူကို သွားတွေ့ပါတယ် ...
ယောင်္ကျားလေးတဲ့လား?
ဒါ့အပြင် သူက လတ်တလောမှာ လုပ်ဖော်ကိုင်ဖက်ကို ဆွဲထိုးတယ်ဆိုတဲ့ကိစ္စကြောင့်နဲ့ နာမည်ဆိုးထွက်နေသော မော်ဒယ်လိုလို / မင်းသားလိုလို မော်ဒယ်မင်းသားတစ်ယောက် ...
ထို့အပြင် မျက်နှာတည်လွန်းသော သူရဲ့ ဟန်ပန်ကြောင့် မာနကြီးသည် .. ရုပ်ကိုက သူ့လုပ်စာပဲ ထိုင်စားနေတဲ့ရုပ်ဟု ကျန်းဟာအို အင်တာနက်မှာ ခနခနမြင်နေရသောသူ ...
ဆောင်းဟန်ဘင်း ...
ဘာကိစ္စကြောင့် ဒီမော်ဒယ်မင်းသားနဲ့ အိမ်ထောင်ချေပးဖို့ စဉ်းစားလဲ မသိပါ ... အမေတို့က သွားတွေ့ကြည့်ပါ ... သွားကြည့်ပါလို့ဆိုလို့သာ လာလိုက်ရတယ် .. မိန်းမတောင်မယူချင်ရတဲ့ကြားထဲ ယောင်္ကျားဆိုတော့ ပိုတောင်ဆိုး...
အခုလဲ ထိုင်နေတာ ၁၅ မိနစ် ပြည့်တော့မယ် .. ဘာစကားမှ မပြောဘူး ... ကျန်းဟာအို ဆိုသည်မှာလဲ နဂိုတည်းက မသိတဲ့သူကို စကား စပြောတတ်တာ မဟုတ်လို့ သူ့ဘက်ကလဲ စကားစပြောဖို့ စိတ်ကူးမရှိ ...
ဆောင်းဟန်ဘင်းသည်လဲ ဟာအို စကားစပြောမှာကို စောင့်နေပုံရသည် ... နောက်ထပ် ၁၅ မိနစ်ကြာလို့ Coffee တွေ ကုန်သွားတဲ့ထိ ဟာအိုဘက်က စကားစမပြောတာမို့ ဆောင်းဟန်ဘင်းဟာ စိတ်မရှည်သော အသံဖြင့် စ ပြောလာသည် ...
"ဆိုတော့ မင်းက ကျန်းဟာအိုဆိုတဲ့ တစ်ယောက်ပေါ့"
ဟာအို ခေါင်းညိမ့်ပြလိုက်တော့ ဆောင်းဟန်ဘင်းက မျက်မှောင်ကြုံ့ကာ ကြည့်လာသည် ...
"မင်း စကားမပြောတတ်ဘူးလား"
"ပြောတတ်တယ်"
"အဲ့ဒါကို ပြန်မဖြေပဲ ဘာလုပ်နေတာလဲ ... မင်းကို အ နေတယ်ထင်သွားတာ"
ချီးပဲ ဆောင်းဟန်ဘင်း .. ခေါင်းညိမ့်တာလဲ ဖြေနေတာပဲလေ ... မဟုတ်ဘူးလား!!!
"မလိုအပ်တဲ့စကားတွေ မပြောချင်လို့"
"ဟ..."