ဟာအို မှန်ထဲကိုယ့်ကိုယ်ကို ကြည့်ရင်း လက်က ပုခုံးတစ်ဝိုက်မှာ နေရာယူနေတဲ့ အညိုအမည်းစွဲရာ နှစ်ခုကို ဖွဖွလေးထိကိုင်လိုက်မိသည် ...
မနေ့ညက ဟန်ဘင်း နဲ့ သူ ဘယ်လိုတောင် အဆင့်တွေ ကျော်ခဲ့မိလဲ ဟာအို ပြန်မတွေးချင် .. ပြန်တွေးမိရင် မျက်နှာတွေ ပူပြီးရဲလာတာများ ကြက်ဥတင်ပြီး ကင်ရင်တောင် ကျက်ေလာက်သည် ..
တော်သေးတာပေါ့ အဆုံးစွန်ထိ မကျော်ခဲ့မိတာပဲ ... ဒါတောင် ဟာအို တီရှပ်ကို ရအောင်ချွတ်ပြီး ညှပ်ရိုးကို ကိုက်သွားသေးတာ ...
"ခွေးပေါက်လဲမဟုတ် .. ကိုက်ရအောင် သွားအရမ်းယားနေပုံပဲ!"
ဟာအို မကျေမနပ်ရေရွတ်လိုက်ပေမယ့် သူ့မျက်နှာက ပြုံးစိစိ ဖြစ်နေတာတော့ ဟာအိုလဲမတတ်နိုင် ..
*ဒေါက်ဒေါက်*
"ဟာအို .. အင်္ကျီလဲလို့ပြီးပြီလား"
အပြင်က အမေ့ခေါ်သံကြားမှ ဟာအို မြန်မြန်ဝတ်လိုက်ရင်း တုံ့ပြန်လိုက်သည် ..
"ပြီးတော့မယ်အမေ"
"အင်း အမြန်လုပ်နော် .. အပြင်မှာ ဧည့်သည် တော်တော်များများရောက်နေပြီ"
"ဟုတ် အမေ"
ဟန်ဘင်းကတော့ အရှေ့မှာ လူတစ်ချို့နှင့် ဓာတ်ပုံရိုက်နေလေသည် ...
ဟာအို အရင်အလုပ်ကလူတွေရယ် ၊ အသိတစ်ချို့ရယ်နဲ့တွေ့ရမှာ စိတ်တော့ လှုပ်ရှားမိသား ..
အသိတွေအားလုံးကို ဖိတ်ထားပေမယ့် သူတို့တွေ ကိုယ့်ကို သဘောကျကြပါ့မလားမှမသိပဲ ..
"ဘာတွေသက်ပြင်းချနေတာလဲ?"
ကိုယ့်ဘာကိုယ်တွေးပူပြီး သက်ပြင်းချမိချိန် ဘေးက ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်တော့ ဂွန်းဝု ..
"ရောက်လာပြီပေါ့ ..."
"အင်းလေ .. အကို့ကို ခိုးပြေးမလို့"
ဂွန်းဝုအပြောကို ဟာအို သဘောကျစွာ ရယ်မိသည် ...
"မင်းကတော့လေ ... စိတ်ထဲကမပါတာတွေပြောပြန်ပြီ .."
အစက ဟာအိုလဲ ဂွန်းဝုကို သူ့နောက်တကောက်ကောက် လိုက်လို့ မကြည်ခဲ့ပေမယ့် တစ်ကယ်တမ်း ခင်သွားတဲ့အခါ ဂွန်းဝုက ကလေးလိုပဲ တစ်ခါတလေ ဂျီအရမ်းကျတတ်ပေမယ့် အတော်ပေါင်းရသင်းရလွယ်ပြီး ချစ်စရာကောင်းသည် ...