ဟန်ဘင်းရဲ့ အနုပညာလောက ကနေ အနားယူမယ့် သတင်းက ဟိုးလေးတကျော်ကျော်နဲ့ တော်ရုံပြီးမသွားခဲ့ ... ဟာအိုက ဟန်ဘင်းအတွက် စိတ်ပူခဲ့ပေမယ့် ဟန်ဘင်းကတော့ အေးအေးဆေးဆေးပင် ...
"မောင်က အလုပ်မလုပ်တောင် ဟာအို့ကို တစ်သက်လုံး တင့်တောင့်တင့်တယ် ထားနိုင်ပါသေးတယ်ကွာ"
"ငါပြောတာ ပိုက်ဆံကြောင့်လို့ ထင်နေတာလား မောင်? မောင် စိတ်လေမှာစိုးလို့ ပြောနေတာလေ"
"မောင် Invest ထားတဲ့ company တွေ Bar ဆိုင်တွေ နည်းတာမှမဟုတ်တာ အဲ့ကနေ အကျိုးအမြတ်က ရနေဦးမှာလေ ဟာအိုရဲ့"
"မသိဘူး .. ကိုယ်ကိုယ်တိုင် အလုပ်တစ်ခုတော့ လုပ်မှရမယ်... ငါလဲ ဒီတိုင်းထိုင်နေရတာလဲ အဆင်မပြေဘူး .. အိမ်မှာပဲ နေပြီး ဝ လာရင် ဘယ်လိုလုပ်မလဲ?"
"ဘယ်လိုနေနေ ချစ်မှာပဲကို သိရဲ့သားနဲ့ ဘေဘီကလဲ"
နှုတ်ခမ်းဆူပြီး ပြောလာတဲ့ ဟန်ဘင်းကို ဟာအို ရယ်ရင်း ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ပြီး ဘဲနှုတ်ခမ်းပိုဖြစ်သွားအောင် လုပ်ကာ မွခနဲ တစ်ချက်နမ်းလိုက်တယ် ...
"ငါတို့ တူတူ စီးပွားရေး တစ်ခုခု လုပ်ကြရအောင် .. နော်"
"........"
"နော်လို့ ... မောင်နော်"
"အိုခေ ..ဘေဘီ့သဘော... ဒါပေမယ့် စီးပွားရေးက နောက်မှလုပ် ခုတော့ တခြားတစ်ခုခု လုပ်ကြတာပေါ့"
"ဟမ် ?? ဘာကို ... အွန့်"
ရုတ်တရတ် ခုန်အုပ်ပြီး အတင်း နမ်းလာတဲ့ ဟန်ဘင်းကြောင့် ဟာအိုမှာ စကားတောင်မဆုံးလိုက် ... အသက်ရှုမဝတော့ ဟာအိုက ရင်ဘတ်ကို နှစ်ချက်လောက်ပုတ်မှ ဟန်ဘင်းက လွှတ်ပေးလာသည် ..
"မနေ့ညကလဲ လုပ်ခဲ့ပြီးပြီကို .. ငါခုနာနေလို့ မလုပ်ပါနဲ့လား"
"မနာအောင် လုပ်ပေးမယ်လေ .. မောင့် skill ကို သိတယ်မလား"
ပြောမရမှန်းသိသွားတဲ့ နောက်ဆုံး ဟာအိုသက်ပြင်းချလိုက်မိရင်း ...
"မင်းကလေ .. တစ်ကယ် နှာဘူးကောင် သိလား"
"ဟာအိုက အမြဲလှနေသ၍ မောင်က အမြဲဘူးနေမှာပဲ ... ကဲပါ .. အချိန်တွေကြာတယ် ..."