4 - သူငယ်ချင်းအသစ်?

1.3K 148 22
                                    

ဟာအို မှန်ရှေ့မှာ ငုတ်တုတ်ကြီး ထိုင်ငိုင်နေရင်း မှန်‌ထဲက ကိုယ့်ကိုယ်ကို တောင် ပြန်မကြည့်နိုင်တော့ ...

စိတ်အစဉ်က လွန်ခဲ့တဲ့ မိနစ် ၂၀ ဆီမှာ ...

မန့်တွေထဲက negative comment တွေမြင်ပြီး ဒေါသထွက်ထွက်နဲ့ တစ်ခုခုလုပ်မှဖြစ်မယ်ဆိုပြီး တွေးချလိုက်တာ ..

'ဆောင်းဟန်ဘင်းကိုသွားနမ်းတယ်တဲ့လား!!!!'

ကျန်းဟာအိုရယ် .. ဦးနှောက်ကို အပြင်ထုတ်ပြီးရွှေချလို့ရရင် တစ်ကယ် ရွှေချ‌ထားချင်တယ်သိလား!!

လာမနမ်းနဲ့ ဘာညာ လေကြီးမိုးကြီးတွေပြောပြီး သူကိုယ်တိုင်က အရင်သွားနမ်းလိုက်တယ်တဲ့ ...

ဟာအို မှန်ထဲက ကိုယ့်ရုပ်ကိုယ် ကြည့်လိုက်ရင်း ငိုမဲ့မဲ့နဲ့ ပြောလိုက်သည် ...

"မင်းသိပ်မိုက်တယ် ကျန်းဟာအိုရယ်"

____________________________________

လွန်ခဲ့တဲ့ မိနစ် ၂၀ ..

ဟာအို ဟန်ဘင်းကို နမ်းပြီးတဲ့ထိ သူဘာလုပ်လိုက်မိလဲ ကိုယ့်ဘာကိုယ် သတိမထားမိသေး ... စိတ်ထဲမှာသိတာက ဟန်ဘင်း ကို မယုံတဲ့ သူတွေကို ဟန်ဘင်းဟာ Homophobic မဟုတ်ဘူးဆိုတာ ပြချင်တာပဲရှိသည်လေ...

"အယ်..."

သို့သော် ၇ စက္ကန့်လောက်အကြာ သူဘာလုပ်လိုက်လဲ သတိထားမိသွားလေပြီ .. မြင်နေရတဲ့ Live ထဲမှာ ဟန်ဘင်းက သူ့ကို ကြောင်ကြည့်နေပြီး Cmt တွေထဲမယ်လဲ သူနမ်းလိုက်တဲ့အကြောင်းကို ပွစာကြဲအောင် ရေးနေကြသည် ..

*Damn ...သေလိုက်ပါတော့*

ဟာအို ရှက်လွန်းလို့ လက် ၂ ဖက်နဲ့ ပါးစပ်ကို အုပ်ရင်း ဟန်ဘင်းကို လှည့်တောင်မကြည့်ပဲ အခန်းထဲပြေးဝင်လိုက်ကာ တံခါးလော့ချလိုက်တော့သည် ..

ကျန်ခဲ့တဲ့ ဟန်ဘင်းမှာ ငူငူကြီး ဘာလုပ်ရမလဲမသိ ... Live က မပြီးသေးတာမို့ အာရုံကို live ထဲသာ ပြန်အာရုံစိုက်လိုက်တော့သည် ..

Love Again (Start)Where stories live. Discover now